1242 ကြိမ် ကြည့်ရှု့ ပြီး

ဒဏ္ဍာရီဆန်ဆန်ခြံဝင်းတံခါးလေးတွေနဲ့ စွဲဆောင်မှုရှိတဲ့ အိမ်ရှေ့ မျက်နှာစာလေးကို ပြင်ဆင်ကြမယ်…

နေအိမ်တစ်လုံးကို စစချင်း၊ မြင်မြင်ချင်းမှာတော့ ဘယ်အစိတ် အပိုင်းကို အရင်ဆုံးမြင်နိုင်သလဲဆိုရင် အိမ်ရဲ့ အဝင်အဝခြံဝင်း တံခါးပဲဖြစ်ပါတယ်။ အိမ်ထဲကိုမရောက်ခင် အပြင်ဘက်က မြင်ရမယ့် ခြံဝင်းတံခါးလေးက ကြည့်လိုက်တိုင်းမှာ စွဲဆောင်မှုရှိပြီးနှစ်သက် စရာကောင်းနေမယ်ဆိုရင်တော့ အိမ်ရှေ့ဖြတ်သွားဖြတ်လာတိုင်းကို နှစ်ခါပြန်လှည့်ကြည့်ရအောင်ကို ဖြစ်စေမှာပါ။ နောက်ပြီးတော့ ဒီလို မျိုး ထူးထူးခြားခြားနဲ့ လှပပြီးစွဲဆောင်မှုရှိအောင်ပြင်ထားလို့ အိမ်ရဲ့ အလှကို ပံ့ပိုးပေးထားနိုင်သလို၊ အိမ်ဝင်းလေးကိုလည်း ထူးခြားပြီး လှပစေပါတယ်။ဒါကြောင့်မို့လို့ အခုဖော်ပြမယ့် နည်းလမ်းလေးက တော့ သင့်အိမ်ရဲ့ခြံဝင်းတံခါးလေးကို တကယ့်ကိုပဲ ဒဏ္ဍာရီလာ ဇာတ်လမ်းသွားတွေထဲက မှော်ဆန်ဆန်၊ တော်ဝင်ဆန်ဆန်၊ ခေတ် ဟောင်းဆန်တဲ့ ခြံဝင်းသံဘန်းတံခါးအပြင်အဆင်လေးတွေ ဖြစ်ပါ တယ်။  အသုံးပြုတဲ့ပစ္စည်းအစိတ်အပိုင်းချင်းတူပေမယ့်လည်း စိတ် ကူးပုံဖော်ဖန်တီးမှုချင်း မတူညီတာကြောင့် တန်ဖိုးချင်းလည်း ကွာ ခြားသွားပါတယ်။

ဒဏ္ဍာရီဆန်ဆန်ခြံဝင်းတံခါးလေးတွေနဲ့ စွဲဆောင်မှုရှိတဲ့ အိမ်ရှေ့ မျက်နှာစာလေးကို ပြင်ဆင်ကြမယ်…

၁။ အိမ်ရဲ့ခြံဝင်းတံခါးလေးတွေကို အုတ်တံတိုင်းနံရံအပြင်အဆင်အပြင်နဲ့ သံခြံစည်းရိုးတို့ ပေါင်းစပ်ပြီးတော့ ပြင်ဆင်နိုင်ပါတယ်။ ခပ်အုပ်အုပ်ပေါင်းမိုး တံခါးလေးတွေ၊ အဝင်မှာအုပ်တံခါး အမိုးလေး တွေပါ တဲ့ အဝင်တံခါးလေးတွေက သင့်နေအိမ်လေးကို ရဲတိုက်လေးတစ်ခု လို၊ နန်းတော်လေးတစ်ခုလို ထင်ရခံစားရစေနိုင်ပါတယ်။

ဒဏ္ဍာရီဆန်ဆန်ခြံဝင်းတံခါးလေးတွေနဲ့ စွဲဆောင်မှုရှိတဲ့ အိမ်ရှေ့ မျက်နှာစာလေးကို ပြင်ဆင်ကြမယ်…

၂။ နောက်ထပ်နည်းလမ်းလေးတစ်ခုကတော့ သံပန်းတံခါးလေးတွေ နဲ့ဆောက်လုပ်မယ့် နည်းလမ်းလေးတွေပါ။ သံပန်းလေးတွေဆိုတော့ အုတ်ဝင်းတံခါးလေးတွေထပ်ပိုပြီးတော့ ပြင်ဆင်ရနည်းလမ်းလေး တွေ ဆန်းသစ်နိုင်ပါတယ်။ အုတ်တံတိုင်းခြံဝင်း၊ သံစည်းရိုးခြံဝင်း တို့မှာ သံတံခါးလေးတွေ တပ်ဆင်ထားသလိုပါ။

ဒဏ္ဍာရီဆန်ဆန်ခြံဝင်းတံခါးလေးတွေနဲ့ စွဲဆောင်မှုရှိတဲ့ အိမ်ရှေ့ မျက်နှာစာလေးကို ပြင်ဆင်ကြမယ်…

ဒီသံ၊ စတီးလ်တံခါး ချပ်မှာတော့ တကယ့်ကိုဒဏ္ဍာရီထဲက မင်းသမီးလေးတွေ နေထိုင် တဲ့ နန်းတော်တံခါး၊ ရဲတိုက်တံခါးဝင်း လေးလိုဖြစ်အောင် ဒီဇိုင်းလှ လှလေးတွေ ဖန်တီးနိုင်ပါတယ်။ ပန်းပွင့်လေးတွေ၊ အကောက်အ ကွေးလေးတွေပါဝင်တဲ့ဒီဇိုင်းလေးတွေ၊ နောက်ရုပ်ပုံလှလှဆန်းဆန်း လေးတွေ၊ အိပ်မက်ဆန်ဆန်ဒီဇိုင်းလေးတွေ အစရှိသဖြင့် ပုံဖော်နိုင် ပါတယ်။

ဒဏ္ဍာရီဆန်ဆန်ခြံဝင်းတံခါးလေးတွေနဲ့ စွဲဆောင်မှုရှိတဲ့ အိမ်ရှေ့ မျက်နှာစာလေးကို ပြင်ဆင်ကြမယ်…

၃။ နောက်ထပ်စွဲဆောင်မှုရှိတဲ့ နည်းလမ်းလေးတစ်ခုကတော့ အဲ့ဒီ ချစ်စရာကောင်းတဲ့ခြံဝင်းတံခါးလေးဖြစ်လာဖို့ အလွယ်ကူဆုံးပြင် ဆင်ဖို့အတွက်ဆိုရင်တော့ သစ်ပင်လေးတွေ တွဲပြီးတော့စိုက်ပျိုး ပေးလိုက်ဖို့ပါပဲ။

ဒဏ္ဍာရီဆန်ဆန်ခြံဝင်းတံခါးလေးတွေနဲ့ စွဲဆောင်မှုရှိတဲ့ အိမ်ရှေ့ မျက်နှာစာလေးကို ပြင်ဆင်ကြမယ်… 

ရောင်စုံပန်းပွင့်လေးတွေ၊ ပန်းပင်၊ နွယ်ပန်းဆိုင်း ပင်လေးတွေကို ဒီခြံဝင်းတံခါးလေးတွေမှာ အလှဆင်စိုက်ပျိုးနိုင်ပါ တယ်။တွဲလျားကျနေတဲ့ ပန်းပင်နွယ်ပင်လေးတွေက တကယ့်ကို ချစ်စရာကောင်းပြီး စွဲဆောင်မှုရှိပါတယ်။ ဒါ့အပြင် ပန်းပွင့်လေးတွေ ပွင့်နေခဲ့ရင်လည်း ပိုပြီးတော့တောင် ချစ်စရာကောင်းနေမှာပဲ ဖြစ်ပါ တယ်။

 

 Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)


အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)