904 ကြိမ် ကြည့်ရှု့ ပြီး

ကိုယ်ပိုင်သီးသန့် ကမ္ဘာငယ်လေးတစ်ခုမှာ နေထိုင်ရသလိုခံစားရမယ့် ခြံဝင်းလေးထဲက ချစ်စရာကောင်းတဲ့ လုံးချင်းနေအိမ်ကလေးတွေ

တစ်ခါတစ်လေမှာ သင့်ရဲ့အကောင်အထည်မဖော်ဖြစ်သေးတဲ့ စိတ် ကူးလှလှကလေးတွေ ကိုယ်စီရှိကြမှာပါ။ ဘယ်လို ဘဝမျိုးလေးမှာ နေချင်တယ်။ ဘယ်လိုအိမ်လှလှကလေးတွေ၊ ဘယ်လိုစိတ်အေး ချမ်းစရာကောင်းတဲ့ နေရာလေးတွေမှာ ငြိမ်းငြိမ်းချမ်းချမ်းလေးနေ ထိုင်သွားချင်တယ်ဆိုတဲ့ စိတ်ကူးလေးတွေ တော့ယဉ်ခဲ့ကြဖူးမှာပါ။

ကိုယ်ပိုင်သီးသန့် ကမ္ဘာငယ်လေးတစ်ခုမှာ နေထိုင်ရသလိုခံစားရမယ့် ခြံဝင်းလေးထဲက ချစ်စရာကောင်းတဲ့ လုံးချင်းနေအိမ်ကလေးတွေ

စိမ်းစိုလှပတဲ့ သစ်တောအုပ်ကလေးမှာ ကိုယ့်ရဲ့ကိုယ်ပိုင်သီးသန့်နေ အိမ်လှလှကလေးတစ်လုံး တည်ဆောက်ပြီးတော့ ကမ္ဘာငယ်က လေးမှာနေရသလို ငြိမ်းအေးချမ်းတဲ့ ဘုံဗိမ္မာန်ကလေးတစ်ခုလိုဖြစ် နေမယ့် သစ်ပင်၊ပန်းပင်လေးတွေ၊ တောအုပ်လေးလိုဖြစ်နေတဲ့ခြံ ဝင်းလေးတွေကြားထဲ ချစ်စရာကောင်းတဲ့ လုံးချင်းအိမ်ငယ်လေးတွေ ဖန်တီးပြင်ဆင်တတ်ဖို့ ပြင်ဆင်တည်ဆောက်နည်းလမ်းလေးတွေ ဖော်ပြပေးချင်ပါတယ်။

ကိုယ်ပိုင်သီးသန့် ကမ္ဘာငယ်လေးတစ်ခုမှာ နေထိုင်ရသလိုခံစားရမယ့် ခြံဝင်းလေးထဲက ချစ်စရာကောင်းတဲ့ လုံးချင်းနေအိမ်ကလေးတွေ

၁။ ဒီလိုမျိုး ခြံဝင်းလေးထဲက ချစ်စရာကောင်းတဲ့ အိမ်ငယ်လေး တည်ဆောက်ဖို့အတွက်ဆိုရင်တော့ ခြံဝင်းနေရာလေး အနည်းငယ် ကျယ်ကျယ်လေးတော့လိုပါလိမ့်မယ်။ ခြံဝင်းလေးအပြင် အိမ်လေး တစ်လုံးဆိုတော့ အိမ်တစ်လုံးစာနေရာလောက်တော့ အသုံးပြုရပါ လိမ့်မယ်။

ကိုယ်ပိုင်သီးသန့် ကမ္ဘာငယ်လေးတစ်ခုမှာ နေထိုင်ရသလိုခံစားရမယ့် ခြံဝင်းလေးထဲက ချစ်စရာကောင်းတဲ့ လုံးချင်းနေအိမ်ကလေးတွေ

အိမ်ကြီးတစ်လုံးအပြင် နောက်ထပ်အိမ်ငယ်လေးတစ်လုံး၊ ဒါမှမဟုတ် တကယ့်ကို လူနေထိုင်မယ့် အိမ်ငယ်လေးပဲ ဖြစ်ဖြစ် ဖန်တီးတည်ဆောက်လို့ရနိုင်ပါတယ်။ သိပ်မကျယ်လွန်း၊ မကျဉ်းလွန်းတဲ့ ခြံဝင်း၊ အိမ်ဆောက်မယ့် နေရာလေးဆို ပိုပြီးတော့ အဆင်ပြေသင့်တော်နိုင်ပါတယ်။

ကိုယ်ပိုင်သီးသန့် ကမ္ဘာငယ်လေးတစ်ခုမှာ နေထိုင်ရသလိုခံစားရမယ့် ခြံဝင်းလေးထဲက ချစ်စရာကောင်းတဲ့ လုံးချင်းနေအိမ်ကလေးတွေ

၂။ အဓိကကတော့ ဒီလိုမျိုး သစ်ပင်အုပ်အုပ်၊ သစ်တောငယ်လေးလို ခံစားရမယ့် အိမ်ကလေးအတွက်ဆိုရင်တော့ ပန်းပင်လေးတွေ၊ သစ်ပင်များများလေးတွေ စိုက်ပျိုးထားဖို့ လိုအပ်ပါတယ်။ အပင်အုပ်အုပ် ကလေးတွေ၊ ပန်းပွင့်တဲ့အပင်လေးတွေ၊ နွယ်ပင်လေးတွေ၊ မြက်ပင် နုနု စိမ်းစိမ်းလေးတွေ အစရှိသဖြင့် အပင်လေးတွေကို စိုက်ပျိုးထိန်း သိမ်းပြီးမိမိနှစ်သက်ရာပုံလေးတွေ ပုံဖော်ပြီး စိုက်ပျိုးနိုင်ပါတယ်။

ကိုယ်ပိုင်သီးသန့် ကမ္ဘာငယ်လေးတစ်ခုမှာ နေထိုင်ရသလိုခံစားရမယ့် ခြံဝင်းလေးထဲက ချစ်စရာကောင်းတဲ့ လုံးချင်းနေအိမ်ကလေးတွေ

ရောင်စုံပန်းပင်လေးတွေက သင့်ဒီကိုယ်ပိုင်ကမ္ဘာလေးအတွက် တကယ့်ကို ချစ်စရာကောင်းပြီး လှပနေပါလိမ့်မယ်။ ခြံဝင်းလေးထဲ မှာ အခြားချစ်စရာကောင်းပြီး စွဲဆောင်မှုရှိတဲ့ အလှဆင်ပစ္စည်းလေး တွေကို မိမိစိတ်ကြိုက်ရာ ထားရှိပြင်ဆင်နိုင်ပါသေးတယ်။

ကိုယ်ပိုင်သီးသန့် ကမ္ဘာငယ်လေးတစ်ခုမှာ နေထိုင်ရသလိုခံစားရမယ့် ခြံဝင်းလေးထဲက ချစ်စရာကောင်းတဲ့ လုံးချင်းနေအိမ်ကလေးတွေ

၃။ နောက်ပြီးတော့ ဒီအိမ်ကလေးအတွက် အရေးပါတဲ့ ဖန်တီးမှု တစ်ခုက ခြံဝင်းအကာအရံလေးကို လုံလုံခြုံခြုံနဲ့ ချစ်စရာကောင်း ပြီး ဆန်းကြယ်တဲ့ ဖန်တီးမှုလေးတည်ဆောက်ဖို့ပါပဲ။ ခြံဝင်းလေးကိုကာ ရံမယ့် အကာအရံလေးကို ဝင်းခြံတံခါးလေးပဲဖြစ်ဖြစ်၊ ဘေးပတ်ပတ် လည်မှာ ကာရံထားမယ့် အကာအရံလေးတွေပဲဖြစ်ဖြစ်တို့အတွက် သံပန်းအကာအရံလေးတွေ၊ သစ်သားချောင်း၊ ခြံစည်းရိုးလေးတွေ ကို ဆန်းဆန်းပြားပြားလေး ကာရံပုံဖော်ရပါမယ်။

ကိုယ်ပိုင်သီးသန့် ကမ္ဘာငယ်လေးတစ်ခုမှာ နေထိုင်ရသလိုခံစားရမယ့် ခြံဝင်းလေးထဲက ချစ်စရာကောင်းတဲ့ လုံးချင်းနေအိမ်ကလေးတွေ

အဲ့ဒီခြံစည်းရိုး အကာအရံလေးတွေမှာလည်း နွယ်ပန်းပင်လေးတွေ၊ ပန်းပွင့်အပင်၊ အပင်စိုင်းကလေးတွေ၊ နောက်အလှဆင်ဖန်စီပစ္စည်းလှလှကလေး တွေ အစရှိသဖြင့် ပြင်ဆင်လို့ရနိုင်ပါတယ်။

ကိုယ်ပိုင်သီးသန့် ကမ္ဘာငယ်လေးတစ်ခုမှာ နေထိုင်ရသလိုခံစားရမယ့် ခြံဝင်းလေးထဲက ချစ်စရာကောင်းတဲ့ လုံးချင်းနေအိမ်ကလေးတွေ

၎။ နောက်ဆုံးအရေးကြီးဆုံး အချက်ကတော့ အိမ်လုံးချင်းကလေး တွေကို ဘယ်လိုဆောက်လုပ်မလဲဆိုတာပါပဲ။ သစ်သားအိမ်ငယ် လေးတွေ၊ အုတ်ချပ်သုံးအိမ်ငယ်လေးတွေ၊ ဒါမှမဟုတ် အခြားတည် ဆောက်လို့ရနိုင်မယ့် အိမ်ကလေး စသဖြင့် ရွေးချယ်ပါ။ နောက်ပြီး ဘယ်လိုပုံစံလဲဆိုတာလည်း အရေးကြီးပါတယ်။

ကိုယ်ပိုင်သီးသန့် ကမ္ဘာငယ်လေးတစ်ခုမှာ နေထိုင်ရသလိုခံစားရမယ့် ခြံဝင်းလေးထဲက ချစ်စရာကောင်းတဲ့ လုံးချင်းနေအိမ်ကလေးတွေ

ခေါင်မိုးချွန်ချွန်အိမ် ကလေးတွေ၊ တစ်ထပ်တိုက်ပုကလေးတွေ၊ နှစ်ထပ်တိုက်ကလေး တွေအစရှိသဖြင့် ဒီဇိုင်းလှပပြီး ချစ်စရာကောင်းတာလေးတွေကို ဖန်တီးဆောက်လုပ်နိုင်ပါတယ်။ နောက် ခြံဝင်းလေးထဲက အပင်က လေးတွေ၊ ပန်းပင်လေးတွေ၊ ဝင်းခြံတံခါးခြံစည်းရိုးလေးတွေနဲ့ လိုက် ဖက်တဲ့ အိမ်ရဲ့အရောင်ကိုလည်း လှပပြီးချစ်စရာကောင်းတဲ့အ ရောင်နုနုကလေးတွေ ရွေးချယ်သုတ်ခြယ်သင့်ပါတယ်။

ကိုယ်ပိုင်သီးသန့် ကမ္ဘာငယ်လေးတစ်ခုမှာ နေထိုင်ရသလိုခံစားရမယ့် ခြံဝင်းလေးထဲက ချစ်စရာကောင်းတဲ့ လုံးချင်းနေအိမ်ကလေးတွေ

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)


အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)