660 ကြိမ် ကြည့်ရှု့ ပြီး

ချစ်စရာကောင်းတဲ့နှစ်သက်စရာ လုံးချင်းတိုက်နေအိမ်ကလေးတွေ

မြေနေရာကျယ်ကျယ်ကလေးမှာ မိမိသီးသန့် လုံးချင်းတိုက်နေအိမ် ကလေးတွေမှာ နေထိုင်ချင်တဲ့ဆိုတဲ့ စိတ်ကူးယဉ်အိမ်မက်ကလေး ကတော့ လူတိုင်းရှိခဲ့ဖူးကြမှာပါ။ ချစ်စရာကောင်းတဲ့ ဒီဇိုင်းလှလှ ဆန်းဆန်းကလေးတွေနဲ့ တည်ဆောက်ထားတဲ့ လုံးချင်းအိမ်လေး တွေက တကယ့်ကို လိုချင်တပ်မက်မောစရာကောင်းလှပါတယ်။ အိမ်ခေါင်မိုးခုံးခုံးလှလှလေးတွေ၊ ချစ်စရာကောင်းတဲ့ ရောင်စုံပန်း ခြံဝင်းလေးတွေ၊ ကားပါကင်ဝန်း၊ လျှောက်လမ်းကလေးတွေ စသဖြင့် တည်ဆောက်ပြင်ဆင်ထားလေ့ရှိကြပါတယ်။

ဒါ့ကြောင့်မို့ လို့ မိသားစုရဲ့ သီးသန့်ကမ္ဘာငယ်လေးတစ်ခုဖြစ်တဲ့ ကိုယ်ပိုင်လုံးချင်း အိမ်လေးတွေရဲ့ ချစ်စရာကောင်းပြီး လှပတဲ့ လုံးချင်းအိမ်ဆောက် လုပ်ပုံ ဒီဇိုင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်….

ချစ်စရာကောင်းတဲ့နှစ်သက်စရာ လုံးချင်းတိုက်နေအိမ်ကလေးတွေ

၁။ လုံးချင်းအိမ်ကလေးတွေကို များသောအားဖြင့် တစ်ထပ်၊ နှစ်ထပ် တိုက်လေးတွေထပ်ပိုပြီးတော့ ဆောက်လုပ်လေ့မရှိပါဘူး။ နှစ်ထပ် လုံးချင်းတိုက်ကလေးတွေလောက်ဆိုရင်တော့ တစ်မိသားစုအတွက် ကောင်းကောင်းနေထိုင်လို့ရနိုင်ပါတယ်။ ခေါင်မိုးနှစ်ထပ်တွဲကလေး တွေ၊ ထပ်ဆင့်အမိုးအိမ်ကလေးတွေ အဖြစ်နဲ့ ဆောက်လုပ်ကြပါ တယ်။ မြေနေရာအကျယ်အဝန်းနဲ့ သင့်တင့်တဲ့ အိမ်ထည်၊ တွဲဆောင်လေးတွေ စသဖြင့်ဆောက်လုပ်လို့ရနိုင်ပါတယ်။ အိမ်ရဲ့ နေရာအကျယ်မှာ အိမ်လုံးအပြင်၊ ကားပါကင်၊ ခြံဝင်းလျှော်လမ်း ငယ် စသဖြင့်တို့ကိုလည်း ထည့်သွင်းတည်ဆောက်နိုင်ဖို့ နေရာကို ချိန်ဆဆောက်လုပ်ရပါမယ်။

ချစ်စရာကောင်းတဲ့နှစ်သက်စရာ လုံးချင်းတိုက်နေအိမ်ကလေးတွေ

၂။ အမိုးချွန်းချွန်းအိမ်လေးတွေ၊ အမိုးခုံးအိမ်ကလေးတွေ၊ မီးခိုးခေါင် တိုင်ဖောက်ထားတဲ့ အိမ်ကလေးတွေ၊ လသာဆောင်၊ ပြတင်းမှန် ပေါက်ကလေးတွေ ထည့်သွင်းဖောက်ပေးထားတဲ့ တွဲဆောင်လေး တွေ ထည့်ဆောက်ထားတဲ့ လုံးချင်းအိမ်ကလေးတွေက စိတ်ကူး လေးထဲကအတိုင်း နှစ်သက်စရာကောင်းနေပါလိမ့်မယ်။ တချို့က လုံးချင်းအိမ်တစ်လုံးတည်း ထီးထီးကြီးတည်ဆောက်တတ်ကြပေ မယ့် တချို့ကလည်း အဆောင်ကလေးတွေ၊ တွဲဆောင်လေးတွေ စသဖြင့်နဲ့လည်း တည်ဆောက်တတ်ကြပါတယ်။ အခုနောက်ပိုင်း မှာတော့ ဒီဇိုင်းဆန်းဆန်း၊ ဗိသုကာပညာရှင်တွေရဲ့ ခေတ်ဆန်တဲ့ နေအိမ်ဒီဇိုင်းတွေကလည်း ဆန်းပြားလှပနေပါတယ်။

ချစ်စရာကောင်းတဲ့နှစ်သက်စရာ လုံးချင်းတိုက်နေအိမ်ကလေးတွေ

၃။ အိမ်ရဲ့အပြင်အဆင်အပြင် အိမ်ရဲ့အပြင်ဘက် အဝင်အဝ၊ ကား ပါကင်နဲ့ ခြံဝင်းလေးကိုလည်း အိမ်နဲ့လိုက်ဖက်ညီအောင် ပြင်ဆင်ပါ။ လုံးချင်းအိမ်တွေအတွက်တော့ ဒီလိုမျိုး ခြံဝင်းလေးတွေနဲ့ လျှောက် လမ်းပြင်ဆင်မှုကလည်း အိမ်ရဲ့အလှကိုတစ်စိတ်တစ်ပိုင်းပံ့ပိုးပေးပါ တယ်။

ချစ်စရာကောင်းတဲ့နှစ်သက်စရာ လုံးချင်းတိုက်နေအိမ်ကလေးတွေ

ရောင်စုံပန်းပင်လေးတွေ၊ မြက်ခင်းပြင်ငယ်လေး၊ ဥယျာဉ် ငယ်လေး၊ ကားပါကင်၊ လျှောက်လမ်းလှလှကလေး၊ ခြံစည်းရိုးတိုင် ကလေးတွေ၊ မီးလုံးဆိုင်း၊ အလင်းမီးတိုင်ကလေးတွေ၊ အဝင် လျှောက်လမ်းလှလှကလေးတွေ စသဖြင့်ထည့်သွင်းပြင်ဆင် ဆောက်လုပ်နိုင်ပါတယ်။

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)


အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)