950 ကြိမ် ကြည့်ရှု့ ပြီး

ချစ်စရာကောင်းတဲ့ သစ်သားဘီးလုံးလေးတွေနဲ့ ခြံဝင်းလေးထဲ အလှပြင်ဆင်ကြမယ်…

အထပ်မြင့်အိမ်တွေမဟုတ်ပဲ သီးသန့်ခြံဝင်းလေးနဲ့ နေထိုင်တဲ့ အိမ်လေးတွေမှာဆိုရင်တော့ အိမ်ရှေ့နဲ့ နောက်ဖေးဘက်တွေမြက် ခင်းပြင်လေးနဲ့ အပင်ကလေးတွေ စိုက်ပျိုးထားတဲ့ ခြံနေရာကလေး တွေတော့ရှိကြမှာပါ။

ချစ်စရာကောင်းတဲ့ သစ်သားဘီးလုံးလေးတွေနဲ့ ခြံဝင်းလေးထဲ အလှပြင်ဆင်ကြမယ်…

သစ်သားနဲ့ လုပ်ထားတဲ့ လှည်းဘီးလုံးတွေက ဒီခြံဝင်းလေးအတွက် အကောင်းဆုံးအလှပြင်ဆင်ဖန်တီးနိုင်ဖို့ ကူ ညီပေးမှာပါ။ အလှပြင်ဆင်လို့ရမယ့် နည်းလမ်းလေးတွေကို လေ့လာကြည့်ရအောင်ပါ…...

ချစ်စရာကောင်းတဲ့ သစ်သားဘီးလုံးလေးတွေနဲ့ ခြံဝင်းလေးထဲ အလှပြင်ဆင်ကြမယ်…

၁။ ခြံဝင်းလေးထဲမှာ အလှပြင်ဆင်ထားမယ့် ရေတံခွန်အသေးစား ငယ်လေးတစ်ခုတည်ဆောက်ဖို့အတွက် ဒီဘီးလုံးလေးတွေကို အ သုံးပြုလို့ရပါတယ်။ ချားရဟတ်ငယ်လေးတစ်ခုလို ပြင်ဆင်ပေးထား ပြီး ရေပုံးငယ်လေးတွေချိတ်ဆွဲပေးကာ ရေစီးဆင်းလည်ပတ်ခြင်းအ တွက် ပြင်ဆင်ပေးလို့ရနိုင်ပါတယ်။

ချစ်စရာကောင်းတဲ့ သစ်သားဘီးလုံးလေးတွေနဲ့ ခြံဝင်းလေးထဲ အလှပြင်ဆင်ကြမယ်…

 ရေတစ်ပုံးစာ၊ ခုံတစ်လုံးစာ သာ ရှိတဲ့ ဒီရေတံခွန်ငယ်လေးက ခြံဝင်းလေးထဲက ချစ်စရာကောင်းပြီး စွဲဆောင်မှုရှိနေမှာပါ။

ချစ်စရာကောင်းတဲ့ သစ်သားဘီးလုံးလေးတွေနဲ့ ခြံဝင်းလေးထဲ အလှပြင်ဆင်ကြမယ်…

၂။ ပန်းပင်ငယ်လေးတွေ ထည့်သွင်းစိုက်ပျိုးဖို့အတွက်ဆိုရင် သာမန် ပန်းအိုးလေးတွေ၊ အလှဆင်ပန်းအိုးလေးတွေအစား  ဒီလိုမျိုးဘီးလုံး လေးတွေနဲ့ ပန်းပင်လေးတွေထည့်စိုက်ပျိုးစရာ အကန့်ငယ်လေး တွေ ပြုလုပ်ပြီး စိုက်ပျိုးလို့ရပါတယ်။

ချစ်စရာကောင်းတဲ့ သစ်သားဘီးလုံးလေးတွေနဲ့ ခြံဝင်းလေးထဲ အလှပြင်ဆင်ကြမယ်…

ထူးခြားတဲ့ စိတ်ကူးလေးရယ်၊ ချစ်စရာကောင်းတဲ့ ဘီးလုံးလေးတွေရယ်၊ ရောင်စုံပန်းပင်၊ ပန်းပွင့် လေးတွေရယ်က တကယ့်ကို စိတ်ကူးထဲလေးထဲက အတိုင်းပဲပါပဲ။

ချစ်စရာကောင်းတဲ့ သစ်သားဘီးလုံးလေးတွေနဲ့ ခြံဝင်းလေးထဲ အလှပြင်ဆင်ကြမယ်…

၃။ ခြံဝင်းလေးထဲ နားနားနေနေနဲ့ ထိုင်လို့ရမယ့် ကော်ဖီစားပွဲခုံလေး တွေ၊ ထိုင်ခုံလေးတွေကိုလည်း ဒီဘီးလုံးလေးတွေနဲ့ ပြင်ဆင်ဖန်တီး ပြီး ပြုလုပ်နိုင်ပါတယ်။

ချစ်စရာကောင်းတဲ့ သစ်သားဘီးလုံးလေးတွေနဲ့ ခြံဝင်းလေးထဲ အလှပြင်ဆင်ကြမယ်…

ဘာမှအသုံးမလိုတော့ပဲ ပစ်ထားရတော့မယ့် ပစ္စည်းလေးတွေကိုပဲ ပုံဖော်ပြီးတော့ အသုံးတည့်မယ့်အရာလေးတွေ ပြုလုပ်လို့ရတဲ့ စိတ်ကူးကောင်းကောင်းလေးတွေပါပဲ။

ချစ်စရာကောင်းတဲ့ သစ်သားဘီးလုံးလေးတွေနဲ့ ခြံဝင်းလေးထဲ အလှပြင်ဆင်ကြမယ်…

၎။ နောက်ထပ်ပြီးတော့လည်း တခြားခြံဝင်းလေးထဲမှာ အလှဆင်လို့ ရမယ့် ပစ္စည်းလေးတွေအဖြစ် ဘီးလုံးလေးတွေကို အသုံးပြုနိုင်ပါ တယ်။

ချစ်စရာကောင်းတဲ့ သစ်သားဘီးလုံးလေးတွေနဲ့ ခြံဝင်းလေးထဲ အလှပြင်ဆင်ကြမယ်…

ခြံစည်းရိုးအကာအရံလေးတွေ၊ ပန်းပင်စိုက်လို့ရမယ့် စင်၊ တန်းလေးတွေ၊

ချစ်စရာကောင်းတဲ့ သစ်သားဘီးလုံးလေးတွေနဲ့ ခြံဝင်းလေးထဲ အလှပြင်ဆင်ကြမယ်…

လှည်းကလေးတွေ၊ စသဖြင့်လည်း မိမိစိတ်ကူးလို့ရ နိုင်တဲ့ အလှဆင်ပစ္စည်းလေးတွေ ပြုလုပ်ပြီး ပြင်ဆင်ဖန်တီးနိုင်ပါ တယ်။

ချစ်စရာကောင်းတဲ့ သစ်သားဘီးလုံးလေးတွေနဲ့ ခြံဝင်းလေးထဲ အလှပြင်ဆင်ကြမယ်…

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)


ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)