383 ကြိမ် ကြည့်ရှု့ ပြီး

သားသားမီးမီးတို့အတွက် နေချင်စဖွယ်အိပ်ခန်းလေးတွေ တည်ဆောက်တတ်ဖို့

သားသားမီးမီးလေးတွေဆိုတာ အိမ်ရဲ့အမြတ်တနိုးတန်ဖိုးထား ချစ် ခင်ရတဲ့ ရတနာလေးတွေပါ။ သူတို့လေးတွေ အိမ်မှာရှိနေကြရင် မိသားစုရဲ့ အမောတွေပြေပျောက်သွားစေပါတယ်။ တီတီတာတာ စကားသံလေးနဲ့ ချစ်စဖွယ်အမူအရာလေးတွေက နေအိမ်မှာ အပြုံး၊ အပျော်တွေကို ဖန်တီးပေးပါတယ်။

သားသားမီးမီးတို့အတွက် နေချင်စဖွယ်အိပ်ခန်းလေးတွေ တည်ဆောက်တတ်ဖို့

ဒီလိုချစ်စဖွယ် သားငယ်၊ သမီး ငယ်လေးတွေအတွက်လည်း သူတို့ အတွက် သီးသန့်ဖြစ်စေမယ့်နေ ချင်စဖွယ်ကိုယ်ပိုင်ကမ္ဘာ၊ အခန်း လေးတွေ တည်ဆောက်ပေးမယ်ဆိုရင် သူတို့လေးတွေ တကယ့် ကိုနှစ်သက်ကြမှာသေချာပါတယ်… ဒီတော့ သားသားမီးမီးလေး တွေအတွက် ချစ်စရာကောင်းပြီး နေချင်စဖွယ်ဖြစ်မယ့် အိပ်ခန်း လေးတွေတည်ဆောက်ပေးဖို့ နည်းလမ်းလေးတွေ ဖော်ပြပေးလိုက် ပါတယ်။

သားသားမီးမီးတို့အတွက် နေချင်စဖွယ်အိပ်ခန်းလေးတွေ တည်ဆောက်တတ်ဖို့

၁။ ပထမဦးစွာ အခန်းရဲ့ အရောင်လေးတွေကို ကလေးကြိုက်အ ရောင်တောက်တောက်လေးတွေ၊ အရောင်လွင်လွင်လေးတွေနဲ့အ ရောင်စုံလေးတွေ ဖန်တီးသုတ်ခြယ်ပေးပါ။ တစ်ရောင်တည်းနဲ့ မဟုတ်ပဲ အရောင်စပ်ကလေးတွေ အသုံးပြုပေးပါ။ အလင်းအားပိုတဲ့ အရောင်လေးတွေ၊ သူတို့လေးတွေ မျက်စိပသာဒဖြစ်မယ့် အရောင် လေးတွေကို ပိုပြီးတော့ အသားပေးအသုံးပြုပါ။

သားသားမီးမီးတို့အတွက် နေချင်စဖွယ်အိပ်ခန်းလေးတွေ တည်ဆောက်တတ်ဖို့

၂။ အမိုး၊ နံရံနဲ့ မျက်နှာကျက်လေးတွေမှာလည်း သူတို့လေးတွေ စိတ်ဝင်စားမယ့်၊ ကြိုက်နှစ်သက်ကြမယ့် ဒီဇိုင်းလေးတွေပြင်ဆင်ပါ။ အမိုးမျက်နှာကျက်မှာ ဆေးရောင်လှလှကလေးပဲဖြစ်ဖြစ်၊

သားသားမီးမီးတို့အတွက် နေချင်စဖွယ်အိပ်ခန်းလေးတွေ တည်ဆောက်တတ်ဖို့

နံရံလေး တွေမှာ ဆေးရောင်နဲ့ သူတို့လေးတွေကြိုက်နှစ်သက်တဲ့ ရုပ်ပုံလေး တွေ၊ ပန်းချီကားလေးတွေ စသဖြင့် ဖန်တီးပြင်ဆင်လိုက်ပါ။ ပြတင်း တံခါးလေးတွေ၊ ကြမ်းခင်းပြင်လေးတွေ၊ စသဖြင့်တွေမှာလည်း ထူး ထူးခြားခြားလေးပြင်ဆင်လိုက်ပါ။

သားသားမီးမီးတို့အတွက် နေချင်စဖွယ်အိပ်ခန်းလေးတွေ တည်ဆောက်တတ်ဖို့

၃။ အိပ်ခန်းမှာထည့်ပေးမယ့် ကုတင်၊ မွေ့ယာအိပ်ယာခင်းလေးတွေ ကိုလည်း ချစ်စရာကောင်းအောင် ဖန်တီးပေးပါ။ သာမန်ကုတင်လေး တွေထက်စာရင် သူတို့လေးတွေက ပိုပြီးတော့စိတ်လှုပ်ရှားရတာ ကြိုက်တတ်တာမို့လို့ သူတိုလေးတွေကြိုက်မယ့် ဒီဇိုင်းလေးတွေ၊ နောက်ပြီး သားလေးတွေအတွက်ဆိုရင် ကုတင်ကိုသူတို့ကြိုက်တဲ့ ကာတွန်းကားတွေထဲက ဇာတ်ကောင်လေးတွေနဲ့ ဖန်တီးပြီး ပြင် ဆင်ပေးလို့ရပါတယ်။ သမီးကလေးတွေဆိုရင်တော့ချစ်စရာကောင်း တဲ့ မင်းသမီးလေးတွေလေးတွေရဲ့ နန်းတော်၊ အခန်းလေးတွေလို ပြင်ဆင်ပေးမယ်ဆိုရင် သူတို့လေးတွေ အထူးပဲနှစ်သက်ကြမှာပါ။

သားသားမီးမီးတို့အတွက် နေချင်စဖွယ်အိပ်ခန်းလေးတွေ တည်ဆောက်တတ်ဖို့

၎။ သူတို့လေးတွေကြိုက်နှစ်သက်ပြီး အသုံးပြုကြမယ့် အသုံးအ ဆောင်လေးတွေကို စနစ်တကျထည့်သွင်းပြီး ပြင်ဆင်ပေးပါ။ လိုအပ်တဲ့ စားပွဲခုံလေးတွေ၊ အရုပ်စင်ကလေးတွေ၊ ဘီဒို၊ စာအုပ်စင် နောက်ပြီး အိပ်ခန်းအလှဆင်ပစ္စည်းလေးတွေ၊ နံရံကပ်အလှပစ္စည်း လေးတွေ စသဖြင့်ထားရှိပြီး ပြင်ဆင်ပေးနိုင်ပါတယ်။

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)


အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)