627 ကြိမ် ကြည့်ရှု့ ပြီး

ချစ်စရာကောင်းပြီး စွဲဆောင်မှုရှိတဲ့ အိမ်အဝင်အဝလေးကို ပြင်ဆင် တတ်ဖို့ နည်းလမ်း

 

 

အိမ်တစ်အိမ်ထဲကို ဝင်တော့မယ်ဆိုရင် ဘယ်အရာကို အရင်သတိ ထားမိလိမ့်မလဲ။ ချစ်စရာကောင်းပြီး စွဲဆောင်မှုအပြည့်ရှိတဲ့ အိမ်ရှေ့ အဝင်တံခါးဝနေရာလေးကို သင့်ကိုနွေးနွေးထွေးထွေးနဲ့ လှိုက်လှဲကြို ဆိုနေမယ်ဆိုရင် သင့်အနေနဲ့တစ်စုံတစ်ခုသော ခံစားမှုကို ရရှိသွား မှာပါ။ ချစ်စရာကောင်းပြီးလှပတဲ့ အိမ်တံခါးအဝင်လေးက အိမ်ထဲ က အိမ်သူအိမ်သားတွေကို ကိုယ်စားပြုနိုင်ပါတယ်။

 

ချစ်စရာကောင်းပြီး စွဲဆောင်မှုရှိတဲ့ အိမ်အဝင်အဝလေးကို ပြင်ဆင် တတ်ဖို့ နည်းလမ်း

 

အိမ်ရဲ့အဝင် လေးက အိမ်ထဲဝင်ဖို့အတွက် ကြားခံနေရာတစ်ခုမဟုတ်ပဲ နွေး ထွေးမှုအပြည့်နဲ့ချစ်စရာကောင်းတဲ့ နေချင်စရာနေရာလေးတစ် ခုဖြစ်အောင် ဘယ်လိုပြင်ဆင်မလဲဆိုတဲ့ နည်းလမ်းကလေးကစိတ် ဝင်စားစရာကောင်းပါတယ်။

 

ချစ်စရာကောင်းပြီး စွဲဆောင်မှုရှိတဲ့ အိမ်အဝင်အဝလေးကို ပြင်ဆင် တတ်ဖို့ နည်းလမ်း



၁။ အဓိကကတော့ ပန်းလေးတွေပါပဲ။ ရောင်စုံပန်းပွင့်လေးတွေ ပွင့်နေတဲ့ ပန်းပင်လေးတွေစိုက်ပျိုးခြင်းက အလွယ်ကူဆုံးနဲ့ နှစ် သက်သဘောကျစရာကောင်းတဲ့ နည်းလမ်းလေးပါပဲ။ အိမ်လေးရဲ့ အဝင်အဝတံခါးဝမှာ ပန်းအိုးလေးတွေ၊ ပန်းခြင်း၊ ပန်းဆိုင်းလေးတွေ ထားရှိပေးခြင်းဖြင့် သင့်ရဲ့အိမ်အဝင်အလကို လှပပြီးကြည်နူးစရာ ကောင်းစေမှာပါ။

 

ချစ်စရာကောင်းပြီး စွဲဆောင်မှုရှိတဲ့ အိမ်အဝင်အဝလေးကို ပြင်ဆင် တတ်ဖို့ နည်းလမ်း

 

ဒီဇိုင်းဆန်းဆန်းပြားပြား ပန်းအိုးလေးတွေနဲ့ ချစ် စရာကောင်းတဲ့ ပန်းပွင့်ရောင်စုံလေးက အိမ်ရှေ့အဝင်အဝလေးကို ခမ်းနားပြီး လှပတင့်တယ်စေပါတယ်။

 

ချစ်စရာကောင်းပြီး စွဲဆောင်မှုရှိတဲ့ အိမ်အဝင်အဝလေးကို ပြင်ဆင် တတ်ဖို့ နည်းလမ်း



၂။ အိမ်တံခါးအဝင်လေးကို ခပ်ကျယ်ကျယ်ကလေးနဲ့ ဆန်းဆန်းပြား ပြားလေးတည်ဆောက်လိုက်ပါ။ သာမန်အိမ်တွေနဲ့ကွဲထွက်တဲ့ အ ဝင်ဒီဇိုင်းလေးက အိမ်ကိုလာရောက်မယ့် ဧည့်သည်တွေအတွက် စူး စမ်းလိုစိတ် ဖြစ်စေမှာပါ။

 

ချစ်စရာကောင်းပြီး စွဲဆောင်မှုရှိတဲ့ အိမ်အဝင်အဝလေးကို ပြင်ဆင် တတ်ဖို့ နည်းလမ်း

 

အဝင်ရှေ့တည့်တည့်မှာ ပန်းပင်၊ ပန်းအိုး လေးတွေ ထိုးထားတာအပြင် ထူးထူးခြားခြား အလှဆင်ပစ္စည်းလေး တွေ ထားရှိပေးနိုင်ပါတယ်။ ကြမ်းပြင်မှာ ချထားတဲ့ အလှဆင်ပစ္စည်း လေးတွေ၊ မီးအိမ်ငယ်လေးတွေ၊ ခြင်းတောင်းလေးတွေ၊ အိမ်ရဲ့သ င်္ကေတပစ္စည်းလေးတွေ၊ ဆိုင်းပုဒ်၊ နှုတ်ဆက်စကားခွန်း စသဖြင့်တို့ က ထူးခြားပါတယ်။

 

ချစ်စရာကောင်းပြီး စွဲဆောင်မှုရှိတဲ့ အိမ်အဝင်အဝလေးကို ပြင်ဆင် တတ်ဖို့ နည်းလမ်း



၃။ အိမ်အဝင်ကလေးမှာပဲ အနားယူလို့ရတဲ့နေရာလေး၊ ချစ်စရာ ကောင်းပြီး နေချင်စရာ ဆက်တီစားပွဲခုံလေးတွေ ပြုလုပ်ပါ။ ဝင်ဝင် လာချင်း အိမ်ထဲကိုတန်းမဝင်ပဲ ဆက်တီခုံလေးမှာ ခဏအနားယူလို့ ရအောင် ပြင်ဆင်ပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။

 

ချစ်စရာကောင်းပြီး စွဲဆောင်မှုရှိတဲ့ အိမ်အဝင်အဝလေးကို ပြင်ဆင် တတ်ဖို့ နည်းလမ်း

 

ထိုင်ခုံတစ်လုံးတည်း ဖြစ်စေ၊ အများနဲ့ထိုင်လို့ရမယ့် ဆက်တီအလိုက်ဖြစ်စေ ပြင်ဆင်ပေး လို့ရနိုင်ပါတယ်။ ဘေးပတ်လည်မှာ ဖူးပွင့်နေတဲ့ ရောင်စုံပန်းပွင့်လေး တွေကလည်း စိတ်အာရုံကို ကြည်လင်လန်းဆန်းစေနိုင်မှာပါ။

 

ချစ်စရာကောင်းပြီး စွဲဆောင်မှုရှိတဲ့ အိမ်အဝင်အဝလေးကို ပြင်ဆင် တတ်ဖို့ နည်းလမ်း



၎။ အိမ်အဝင်လေးရဲ့ တံခါးပေါက်ပုံစံနဲ့ အရောင်ကလေးကို လိုက် ဖက်ညီစွာ ဒီဇိုင်းပုံဖော်ကြည့်ပါ။ ကိုယ်ပိုင်ဒီဇိုင်းတီထွင်ဖန်တီးမှုက ကိုယ့်အတွက် အဓိကကျစေပါတယ်။ သာမန်တံခါးချပ်တစ်ခုတည်း မဟုတ်ပဲ ဘေးဘက်ကပြတင်းပေါက်ငယ်လေးတွေ၊ ခြံခတ်ထားတဲ့ ဝင်းတံခါးလေးတွေ၊ ပေါ်တီစင်ဝင်ဆန်းဆန်းဒီဇိုင်းလေးတွေ၊ ဆန်း ပြားပြီးလိုက်ဖက်ညီမှုရှိတဲ့ အရောင်စပ်ခြယ်သပြင်ဆင်လိုက်မယ်ဆို ရင် ဆွဲဆောင်မှုရှိတဲ့ အိမ်အဝင်နေရာလေးဖြစ်လာမှာပါ။

 

ချစ်စရာကောင်းပြီး စွဲဆောင်မှုရှိတဲ့ အိမ်အဝင်အဝလေးကို ပြင်ဆင် တတ်ဖို့ နည်းလမ်း

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)


ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)