5394 ကြိမ် ကြည့်ရှု့ ပြီး

မြေနေရာရွေးချယ်မှုမှာ ရှောင်ရှားစရာ .........

 နေအိမ်နဲ့ ပတ်သက်ပြီး ဖုန်းရွှေအစီ အရင်ကောင်း နည်းလမ်းကောင်း အကြံဥာဏ်ကောင်းတွေနဲ့ ပြုလုပ်ပြင်ဆင်ပြီးတဲ့ နောက်မှာတော့ ကောင်းကျိုးအဖြာဖြာတွေ ဝင်ရောက်လာတယ်လို့ မိသားစုတွေက ဆိုကြပါတယ်။ ဆောင်ရွက်ရတဲ့ နည်းလမ်း တွေက လွယ်ကူတယ်။ ရိုးရှင်းတယ်။ ပြီး တော့အကျိုးထိရောက်မှုလည်း ရှိတာ ကြောင့် ဖုန်းရွှေအစီအရင်တွေက မိသားစုဝင်တွေ ပိုပြီး လူသိများအောင်မြင်လာတာ ဖြစ်ပါတယ်။
နေအိမ်တွေအတွက် လာဘ်ကောင်းဖို့ အစီအရင်တွေ၊ ကြီးပွားရေး၊ တိုးတက်ရေး၊ အောင်မြင်ရေးစတဲ့ ကောင်းကျိုးအဖြာဖြာတွေ ဖြစ်တည်လာဖို့အတွက် ဖုန်းရွှေ အစီအရင်ကောင်းတွေ လိုက်နာမှတ်သားပြီး ဆောင်ရွက်ကြရတာဖြစ်ပါတယ်။

အဲဒီလို ဆောင်ရွက်ခြင်းအားဖြင့် နေအိမ်တွေအတွက် ကောင်းကျိုးတွေ ဖြစ်ပေါ်လာပြီး ဆိုးကျိုးတွေ ကင်းစင် ပပျောက်သွားစေမှာ ဖြစ်ပါတယ်။

ဒါကြောင့် အခုလတော့ နေအိမ်နဲ့ ပတ်သက်ပြီး ဘယ်လိုတည်နေရာ၊ မြေပြင် အခင်းအကျင်းတွေမှာ၊ ဘယ်လိုပတ်ဝန်း ကျင်မျိုးတွေကို ရှောင်ရှားမယ်ဆိုရင် ကံဆိုးကံညံ့တွေ အတိုက်အခိုက် အပျက်အစီးတွေ မဖြစ်ပေါ်စေဖို့  ဖော်ပြပေးလိုက် ပါတယ်။

 

မြေနေရာရွေးချယ်မှုမှာ ရှောင်ရှားစရာ .........


ဖုန်းရွှေအစီအရင်ထဲက Clu-de-Sac လို့ခေါ်တဲ့ မြေနေရာဆိုးမှာ နေအိမ်တည်ရှိ နေခြင်း

အကယ်၍ သင့်ရဲ့ နေရာထိုင်ခင်း၊ အိမ်နေရာက ဒီ  Clu-de-Sac  လို့ခေါ်တဲ့ နေရာပေါ်ကျရောက်နေမယ်ဆိုရင်တော့ ဖုန်းရွှေသဘောအရ ဒါက မကောင်းတဲ့ မြေဆိုး၊ မြေညံ့လို့ ဆိုနိုင်ပါတယ်။ အိမ်တစ်လုံးဆောက်လုပ်ပြင်ဆင်မှုအတွက် ကောင်းခြင်းအဖြာဖြာ အစီအရင်တွေ၊ စွမ်းအားကောင်းမွန်တဲ့ ကာကွယ်စောင့် ရှောက်ခြင်းတွေ၊ ဖုန်းရွှေအစီအရင်နဲ့ ပြု လုပ်ထားတဲ့ ဒီဇိုင်းတွေ အစရှိတဲ့ အစီအရင် ကောင်းတွေ နေအိမ်မှာ ထည့်သွင်းဆောက် လုပ်ထားရင်တောင် ဒီ Clu-de-Sac  လို့ခေါ် တဲ့ မြေကြမ်း၊ မြေဆိုးမှာ တည်ရှိတဲ့အတွက်ကြောင့် အရာရာတိုင်းဟာ ခက်ခဲကြမ်းတမ်းပြီး ပျက်စီးနိုင်ပါတယ်။ ဒါကို သင့် အနေနဲ့ သတိချပ်သင့်ပါတယ်။

ဖုန်းရွှေရဲ့ T-Junction  မှာ တည်ရှိနေ တဲ့ နေအိမ်အခင်းအကျင်း

T-Junction  အခင်းအကျင်းတည်နေရာ နဲ့ ပတ်သက်ပြီး ဆိုးရွားကြမ်းတမ်းတဲ့ မြေနေရာတည်ရှိမှုဆိုတဲ့ အကြောင်းပြ ချက်များစွာ ဖုန်းရွှေအစီအရင်မှာ ရှိနေပါ တယ်။ အဓိကအကြောင်းအရာကတော့ ချီစွမ်းအင်ပါပဲ။ လမ်းမကြီးဘက်ကနေလာ တဲ့ အင်အားကောင်းကောင်းနဲ့ နေအိမ်အတွင်းဝင်လာတဲ့ ချီစွမ်းအင်က ကောင်း ခြင်းကံတွေ မဟုတ်ဘဲ ဆိုးရွာတဲ့ ကံ တရားတွေပဲ ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ဒီအညံ့အဆိုးချီစွမ်းအင်ဝင်လာနိုင်မယ့် T-Junction  တည်နေရာကို ရှောင်ရှားသင့် ပါတယ်။ ဒီ T-Junction ဟာ အခြားသော  အကြောင်းအရာနဲ့ တည်နေရာအခင်းအကျင်း တွေကြောင့်လည်း သင့်ထံကို ကံတရား အညံ့အဆိုးတွေ ဝင်လာနိုင်တာကိုလည်း သတိထားသင့်ပါတယ်။

 

မြေနေရာရွေးချယ်မှုမှာ ရှောင်ရှားစရာ .........


ဖုန်းရွှေရဲ့ အိမ်နောက်ဖေးဘက်ခြမ်း မြေနေရာက ဆိုးရွားပြီး ကံညံ့နေတဲ့ မြေနေရာအကြောင်း

အိမ်ရဲ့ အနောက်ဘက်ခြမ်းမြေနေရာ က ဖုန်းရွှေအစီအရင်အတွက် များစွာ စိန်ခေါ်မှုတွေ ရှိနေပါတယ်။ နိမ့်ဆင်းသွား တဲ့ အိမ်နောက်ဖေးဘက်မြေလွတ်၊ မြေ ကွက်လပ်၊ မြေဟင်းလင်းပြင်နဲ့ နောက်ဖေး ဘက် ပန်းခြံအစရှိတဲ့အရာတွေ တည်ရှိ နေတဲ့ မြေနေရာက အိမ်အတွက် ဘယ်လို စွမ်းအင်မျိုးကိုမှပေးစွမ်းနိုင်မှာ မဟုတ်ပါဘူး။ ရိုးရာအစဉ်အလာနဲ့ အခေါ်အဝေါ်တွေအရ ဆိုရင် အိမ်နောက်ဘက်ပိုင်းကို "လိပ်"လို့ ခေါ်ဆိုပြီးတော့ ဒီတိရစ္ဆာန်အကောင် က ဖုန်းရွှေအစီအရင်ရဲ့ လေးကောင်မြောက် သော ကောင်းကင်ဘုံသား သတ္တဝါလို့ ခေါ်ဆိုနိုင်ပါတယ်။ လိပ်ရဲ့ သဘာဝအရ တော့ စွမ်းအင်ထောက်ပံ့မှုအနေနဲ့ နေအိမ် တွေမှာ တည်ငြိမ်မှု၊ ငြိမ်သက်မှု၊ အပြောင်း အလဲမရှိမှု၊ လေးဖင့်တွဲမှု အစရှိတဲ့ စွမ်းအင် တွေကို ထောက်ပံ့ပေးနိုင်ပါတယ်။ ရှေးရိုး ဆန်တဲ့ ဖုန်းရွှေအစီအရင်မှာ ဆိုရင်လည်း ဒီလိုမျိုးပဲ အိမ်နောက်ဘက်ခြမ်းတည်နေရာ တွေဟာ ရှုပ်ထွေးနက်နဲလှပြီး နေအိမ်တွေ အတွက် ဘယ်လိုစွမ်းအင်မျိုးကိုမျှ ထောက် ပံ့ပေးနိုင်မှာ မဟုတ်ဘူးဆိုတဲ့ အကြောင်း ကို များစွာရေးသားဖော်ပြခဲ့ပြီးလည်း ဖြစ် ပါတယ်။

ဖုန်းရွှေအစီအရင်ရဲ့ မီးရထားသံလမ်း နဲ့ နီးတဲ့ နေရာမှာတည်ရှိတဲ့ မြေနေရာတွေ အကြောင်း

နေအိမ်မြေနေရာတွေနဲ့ ပတ်သက်ပြီး တော့ ဖုန်းရွှေအစီအရင်မှာ အကြောင်း ရင်းများစွာရှိနေပါတယ်။ အိမ်အတွင်း၊ အိမ်အပြင်ဘက်တွေ အားလုံးတို့မှာ ဖုန်းရွှေအစီအရင်နဲ့ ပြင်ဆင်ရတဲ့အပိုင်း တွေ များစွာရှိနေပါတယ်။ အိမ်အတွင်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ အညံ့အဆိုးတွေ၊ အိမ် အပြင်မှာ ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေ အစရှိတာတွေကို ဖုန်းရွှေအစီအရင်နဲ့ စစ်ဆေးကြည့်ရှုပြီးတော့ ပြောင်းလဲပြင်ဆင် ရတာမျိုးတွေပဲ ဖြစ်ပါတယ်။ အခုဒီအစီ အရင်မှာလည်း နေအိမ်ခြံဝင်းတည်နေရာ တွေက အဝေးပြေးလမ်းမတွေ၊ မီးရထား သံ လမ်းဘေးနေရာတွေမှာ တည်ရှိနေရင် ဖုန်းရွှေအစီအရင်အတိုင်း ဆိုးရွားတဲ့ အညံ့ကံတွေ ရှိနေနိုင်တယ်လို့ ဆိုပါတယ်။

မြေနေရာရွေးချယ်မှုမှာ ရှောင်ရှားစရာ .........

ဖုန်းရွှေအစီအရင်အရ နေအိမ်ရှေ့တွေ မှာ ကြီးမားတဲ့ သစ်ပင်ကြီးကြီးမားမား ကြီးတွေ တည်ရှိနေပါက ...

ဖုန်းရွှေရဲ့ ဖော်ပြချက်အတိုင်းဆိုရင် သင့်နေအိမ်ရဲ့ အနီးဝန်းကျင်မှာ သစ်ပင် ကြီးကြီးမားမားတွေ ရှိမနေသင့်ဘူးလို့ ဆိုရပါမယ်။ အကယ်၍ သစ်ပင်ကြီးတစ် ပင်က သင့်အိမ်ရဲ့ အနီးအနား၊ ဒါမှမဟုတ် အိမ်ရှေ့ဘက် လက်ယာဘက်ခြမ်းမှာ တည်ရှိနေခဲ့မယ်ဆိုရင် ဖုန်းရွှေအစီအရင် အတွက် များစွာစိန်ခေါ်မှုတွေ ဖြစ်ပေါ်လာ နိုင်ပါတယ်။ အိမ်တစ်အိမ်ရဲ့ ဝင်ပေါက်က နေအိမ်အတွင်းသို့ ဝင်ရောက်လာမယ့် စွမ်းအင်နဲ့ ကောင်းကျိုးအဖြာဖြာတွေကို အကောင်းဆုံးလက်ခံနိုင်မယ့် အဓိက နေရာဖြစ်ပါတယ်။ ဒီလိုနေရာမျိုးမှာ သစ်ပင်ကြီးကြီးမားမားတွေက ပိတ်ဆို့နေ ပါက ဝင်ရောက်လာမယ့် စွမ်းအင်တွေကို ပိတ်ဆို့တားဆီးထားသလို ဖြစ်စေနိုင်တာ ကြောင့်ပါ။ ချီလို့ခေါ်တဲ့ ဖုန်းရွှေ အစီ အရင်ရဲ့ စွမ်းအင်ကောင်းတွေ နေအိမ်အတွင်း ဝင်ရောက်လာနိုင်မှာ မဟုတ်လို့ ပါပဲ။

ရွှေဝတ်မှုံ မှ  iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

အခြား အိမ်ခြံမြေ ဖုန်းရွှေ ဆောင်းပါးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)