သင့်အိမ်ရဲ့ ကြမ်းခင်းပြင်ဆင်ခင်းကျင်း မှုကို ဖုန်းရွှေအစီအရင်ကောင်းတွေနဲ့ စီရင်တည်ဆောက်ထားပါသလား။ ဖုန်းရွှေ အစီအရင်အရ ကြမ်းခင်းခင်းကျင်းမှုတွေက သင့်အတွက် ဘယ်သို့သော အကောင်းဆုံး ဆိုတဲ့အရာတွေကို ဖန်တီးပေးနိုင်ပါသလဲ။ သင်ကရော ဘယ်လိုအကောင်းဆုံးတွေကို ရယူချင်ပါသလဲ။ ဖုန်းရွှေရဲ့ ကြမ်းခင်း၊ ခင်းကျင်းပြင်ဆင်မှုအစီအရင်တွေက သင့် အိမ်အတွက် ကံကောင်းခြင်းတွေ၊ ကြီးပွား တိုးတက်ခြင်းတွေ၊ ချစ်ခြင်းတရားတွေ ခိုင်မြဲခြင်းတွေ၊ သာယာပျော်ရွှင်ခြင်းတွေ ပစ္စည်းဥစ္စာပေါများခြင်းတွေစတဲ့ အကောင်း ဆုံးအရာတွေကို ဖန်တီးဖော်ဆောင်နိုင်ဖို့ စွမ်းအင်တွေကို ပေးစွမ်းနိုင်မှာပါ။
သင့်နေအိမ်ပြင်ဆင်မှုအတွက် ဖုန်းရွှေနည်းလမ်း နဲ့ ပြင်ဆင်တည်ဆောက်ပြီး ကံကောင်းခြင်း တွေ၊ စွမ်းအင်တွေ ရယူနိုင်မယ့်အပြင် အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်း သက်သာ မယ်ဆိုတဲ့ အချက်တွေကြောင့် ဖုန်းရွှေ နည်းလမ်းအရ အစီအရင်တွေ ပြုလုပ် လိုက်ပါလို့ တိုက်တွန်းလိုတာပါ။ ကဲ လေ့လာကြည့်ရအောင် ....
ရှေ့အဝင်တံခါးမကြီးနဲ့ အဝင်ပေါက် အတွက် ဖုန်းရွှေရဲ့ ကြမ်းခင်းအပြင်အဆင်
ဖုန်းရွှေရဲ့ ကြမ်းခင်းပြင်အစီအရင်မှာ အိမ်ရှေ့အဝင်ဝက ကြမ်းခင်းက သိပ်ကို အရေးကြီးပါတယ်။ အဝင်ဝဆိုတာက အိမ်တစ်အိမ်ရဲ့ အဓိကနေရာလည်း ဖြစ်ပါ တယ်။ ကြမ်းခင်းပြင်အနေအထား ခမ်းနား ခြင်း၊ ထည်ဝါခြင်း၊ တောက်ပခြင်း၊ ခိုင်ခံ့ ခြင်း၊ ကျက်သရေရှိခြင်း၊ ရှင်းလင်းခြင်း၊ သန့်စင်ခြင်း၊ ကျယ်ပြောခြင်း၊ စနစ်တကျရှိ ခြင်း၊ ဖွဲ့စည်းပုံကောင်းမွန်ခြင်း အစရှိတဲ့ အချက်တွေကြောင့် နေအိမ်အတွင်းသို့ ကောင်းမွန်တဲ့စွမ်းရည်တွေ၊ လာဘ်လာဘတွေ ဝင်လာစေနိုင်တာကြောင့် ကြီးပွားတိုးတက် ခြင်း၊ ဥစ္စာပေါများခြင်း၊ ချစ်ခြင်းမေတ္တာ ဓာတ်တွေ အားကောင်းလာခြင်း စတဲ့ ကောင်းခြင်းဖြစ်ပေါ်လာနိုင်ပါတယ်။ အထူးသတိပြုရမှာက အိမ်ရှေ့အဝင်ပေါက် တံခါးတွေနဲ့ အိမ်နောက်ဘက် တံခါးပေါက် တွေကို တိုက်ရိုက်ပေါက်နေတဲ့ အနေအထား အပြင်အဆင်မျိုး တည်ဆောက်ထားတာမျိုး ကို ရှောင်ရှားပါ။
တံခါးတွေ၊ ပြတင်းတံခါးတွေနဲ့ ဖုန်းရွှေရဲ့ ကြမ်းခင်းပြင်အစီအရင်
ပုံသဏ္ဌာန်တည်ဆောက်မှု၊ တည်နေရာ ချထားမှု၊ ကြမ်းပြင်ခင်းကျင်းမှုတို့အတွက် ဖုန်းရွှေရဲ့ ဘာဂွါတည်နေရာ အစီအရင်နဲ့ ပြုလုပ်ပြင်ဆင်ပါ။ စွမ်းအင်တွေ အားလုံးက ပြတင်းတံခါး၊ တံခါးပေါက်ရဲ့ ကြမ်းခင်း ပြင်အခင်းအကျင်းတွေက တစ်ဆင့်ဝင် ရောက်လာနိုင်ပါတယ်။ တံခါးချပ်တွေ၊ ပြတင်းတွေမှာရှိနေတဲ့ ဖုန်းရွှေဘာဂွါစွမ်း အင်တွေက နေအိမ်ထဲသို့ ဝင်ရောက်လာမယ့် မကောင်းခြင်း၊ ကံဆိုးခြင်း၊ အတိုက်အခိုက် တွေ၊ ကံညံ့ခြင်းတွေကို ဖယ်ရှားပေးပါလိမ့် မယ်။တိုက်ရိုက်တိုးလျှိုပေါက်နေတဲ့ တံခါး ချပ်တွေ တည်ဆောက်ခြင်းကို ရှောင်ရှားပါ။ အိမ်ရှေ့နဲ့ နောက်ဖေးဘက်၊ အိမ်ဘေးနှစ် ဖက်မှာ ရှိနေတဲ့ ပြတင်းတံခါးတွေနဲ့ တံခါးမတွေ ကို ဖြောင့်တန်းတည်ရှိနေတာမျိုး မဟုတ်ဘဲ အနည်းငယ်နေရာလွှဲပြီး ပြတင်း တံခါးဖောက်တာမျိုးတွေ ပြုလုပ်သင့်ပါတယ်။
အိပ်ခန်းတည်နေရာနဲ့ ဒီဇိုင်းကြမ်းခင်းပြင် အစီအရင်ဖုန်းရွှေရဲ့အိပ်ခန်းတည်နေရာ ထားရှိ ပြင်ဆင်ခြင်းနဲ့ ပတ်သက်ပြီးတော့ သိပ်ပြီး တော့ သံသယဖြစ်စရာ စိုးရိမ်ပူပန်စရာတော့ မလိုပါဘူး။ အချို့နေအိမ်တွေ တော်တော် များများမှာ မှားယွင်းပြင်ဆင်တတ်ကြတဲ့ အိပ်ခန်းအပြင်အဆင်တွေကို ဖုန်းရွှေရဲ့ အခန်းပြင်ဆင်မှု အစီအရင်နဲ့ ပြင်ဆင်ပေးမှာ ဖြစ်ပါတယ်။ အစီအရင်မှာ ပြောထားသလို အဓိကအိပ်ခန်းကျယ်ကြီးတွေကို အိမ်ရဲ့ အဝင်တံခါးမနဲ့ မျက်နှာချင်းဆိုင်၊ လမ်း တစ်လျှောက်မှာ ထားရှိပြင်ဆင်ရမှာ ဖြစ် ပါတယ်။ တခမ်းတနားနဲ့ နည်းလမ်းတကျ ပြင်ဆင်ထားတဲ့ အိပ်ခန်းတွေက အိမ်သား တွေရဲ့ ကျန်းမာရေးကောင်းမွန်မှုအတွက် အကောင်းဆုံးအထောက်အပံ့စွမ်းအင်တွေ ပေးစွမ်းသွားမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းခြင်း၊ ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်ခြင်း၊ အိမ်ထောင်ရေးသုခပြည့်စုံခြင်း၊ လုံခြုံစိတ်ချ ရမှု ရှိစေခြင်းတို့လည်း ဖြည့်ဆည်းပေးမှာ ဖြစ်ပါတယ်။ အိပ်ခန်းတွေအတွက်အကောင်း ဆုံး နေရာရွေးချယ်မှုအတွက်ဆိုရင် စာ ကြည့်ခန်းဘေးဘက်၊ အပေါ်ဘက်၊ ထမင်း စားခန်းစတဲ့ အခန်းတွေနဲ့ ကပ်လျက်နေရာ တွေမှာ ရှိမယ်ဆိုရင် တိတ်ဆိတ်တဲ့ ဝန်း ကျင်တွေကို ရရှိနိုင်မှာ ဖြစ်ပြီးတော့ အကယ်၍ ဂိုဒေါင်၊ မီးဖိုချောင်၊ ရေချိုးခန်းနဲ့ ဧည့်ခန်း၊ မိသားစုဖျော်ဖြေရေးခန်း စတဲ့ အခန်းတွေရဲ့ အပေါ်ဘက် ဘေးကပ်လျက် တွေမှာ ရှိနေတယ်ဆိုရင်တော့ အိပ်ခန်း တည်နေရာအတွက် ဆိုးရွားတဲ့ဝန်းကျင်လို့ ဆိုရမှာပါ။ ဒီလိုနေရာမျိုးတွေကိုတော့ ရှောင်ရှားသင့်ပါတယ်။
မီးဖိုချောင်တည်ရှိပုံနဲ့ ဖုန်းရွှေကြမ်းခင်း အစီအရင်မီးဖိုချောင်တည်ဆောက်ပုံနဲ့ ပတ်သက် ပြီးတော့ ဖုန်းရွှေရဲ့ အစီအရင် ပြင်ဆင်ပုံ အခြေခံက သိပ်ကို စိတ်ဝင်စားဖို့ ကောင်း ပါတယ်။ မီးဖိုချောင်ကို ဖုန်းရွှေအစီအရင် မှာဆိုရင် ဖုန်းရွှေရဲ့ သုံးမျိုးစပ်ပေါင်းစပ် ခြင်းစွမ်းအင်လို့ ခေါ်နိုင်ပါတယ်။ အိပ် ခန်း၊ ရေချိုးခန်း၊ မီးဖိုချောင် အစရှိတဲ့ အခန်းသုံးခန်းက ကျန်းမာရေးကောင်းမွန် ခြင်းတွေကို ဖြစ်စေမှာဖြစ်ပါတယ်။ မီးဖို ခန်းကို အိမ်ရဲ့ ရှေ့တံခါးအဝင်လမ်းနဲ့ တိုက်ရိုက်တည်ရှိနေခြင်းကို ရှောင်ရှားသင့် ပါတယ်။ အဝင်တံခါးမကြီးကနေ တိုးလျှို ပေါက်နေတဲ့ နေရာကနေဝေးရာ ဒါမှမဟုတ် အနည်းငယ်ကွယ်နေတဲ့ နေရာမျိုးတွေကို ရွေးချယ်ပြီးတော့ တည်ဆောက်ပြင်ဆင်နိုင် ပါတယ်။ လှေကားအဆင့်နဲ့ တည်ရှိနေတာ၊ အိပ်ခန်းတွေနဲ့ အနီးကပ်တည်ရှိနေတာ မျိုးတွေ ရှောင်ရှားသင့်ပါတယ်။ မီးဖိုခန်း အတွက် အခန်းဖွဲ့တည်ဆောက်မှု အကောင်း ဆုံးနေရာအဖြစ် အဝတ်လျှော်ခန်း၊ ရေချိုး ခန်း၊ ဂိုဒေါင်စတဲ့အခန်းနေရာတွေနဲ့ ကပ် လျက်တည်ရှိနေတာမျိုးကတော့ အဆင် ပြေနိုင်ပါတယ်။
လှေကားထစ်တည်နေရာနဲ့ ဖုန်းရွှေ အစီအရင်လှေကားထစ်တွေ၊ လှေကားတွေ ထားရှိပြင်ဆင်မယ့် တည်နေရာက ဖုန်းရွှေ အစီအရင်အတွက် စိန်ခေါ်မှုတွေ များစွာရှိ နေတယ်လို့ ပြောလို့ရပါတယ်။ လှေကား ထစ်တွေ တည်ဆောက်ခြင်းအတွက်မှာ ဖုန်းရွှေအစီအရင်ပြင်ဆင်မှုအလိုက် ကောင်းခြင်း၊ ဆိုးခြင်းတွေ ရှိနေပါတယ်။ အိမ်အဝင်အလယ်တည့်တည့်မှာ လှေ ကားထစ်ရှိနေခြင်းက ဖုန်းရွှေအစီအရင် နဲ့ ကြည့်မယ်ဆိုရင် ဆိုးရွားတဲ့တည်နေ ရာမှာ တည်ရှိခြင်းလို့ ဆိုရမှာပါ။
ဖုန်းရွှေရဲ့ ချီစွမ်းအင်အရ ကြည့်မယ် ဆိုရင်လည်း အိမ်ခန်းရဲ့ အလယ်ခေါင် တည့် တည့်နေရာမှာ လှေကားထစ်တွေ တည်ရှိနေတာ မကောင်းပါဘူး။ အိမ်အတွင်း ဝင် ရောက်လာမယ့် ကောင်းခြင်းစွမ်းအင် တွေက လှေကားကြီးတည်ရှိနေတာ ကြောင့် တားဆီးပိတ်ပင်ထားသလို ဖြစ် နေ ပါတယ်။ အရှေ့ဘက်၊ အနောက်တောင် ဘက်၊ အရှေ့တောင်ဘက် တည်နေရာတွေ ကို ရှောင်ပြီး အခြားကျန်တဲ့ အရပ်မျက် နှာ တွေမှာတော့ လှေကားထစ်တွေတည် ဆောက်လို့ ရနိုင်ပါတယ်။ အစီအရင်အရဆိုရင်သစ်သားဓာတ်ကိုဆောင်တဲ့ သစ်သားထည်တွေကို အသုံးပြုပြီး လှေကား ထစ်တွေ တည်ဆောက်သင့်သလို သတ္တု ဓာတ်တွေကို ရှောင်ရှားသင့်တယ်လို့ ဖော်ပြထားပါတယ်။
ရွှေဝတ်မှုန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com