လွယ်ကူသည် ဟူ၍ အထင်မသေးလိုက်ပါနှင့် ဝတ္တရား မပျက်ကွက်ဘဲ ပုံမှန်အတိုင်း ယုံယုံကြည်ကြည်နှင့် လုပ်ကိုင်ဆောင်ရွက်နိုင်ပါက (၃)လအတွင်း ပိတ်ဆို့နေသော ငွေဝင်လမ်းများပွင့်လာပါလိမ့်မည်။ ရရှိပြီး ဖြစ်သောငွေများလည်း တည်မြဲလာပါလိမ့်မည် . . .
မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်နောက် ပိုင်းခေတ်ပြောင်းပြီး ဒီမိုကရေစီအစိုး ရတက်လာချိန်မှစ၍ ယင်းအစိုးရသက် တမ်းမကုန်ဆုံးမီ ၂၀၁၄ ခုနှစ်အထိ အိမ်ခြံမြေ အရောင်းအဝယ်လုပ်ငန်းများမှာ ဒီရေလှိုင်းများပမာ မြင့်တက်ခဲ့သည်ကို လူတိုင်း လူတိုင်း ကြုံတွေ့ခဲ့ကြပါသည်။ ဒီရေဆိုသည့် အတိုင်း အတက်ကြမ်းသ လို အကျကြမ်းသည်။ ရေကျသွားပြန် တော့လည်း မြစ်ပြင် တစ်ခုလုံး နိမ့်ဆင်းသွား ပြီး ရွှံ့ညွန်များဖုံးလွှမ်းကျန်ခဲ့သကဲ့သို့ အိမ်ခြံမြေအရောင်း အဝယ်များအကျဘက် ဦးတည်ပြီးပြန်လည်ဦးမော့လာခြင်းမရှိသဖြင့် ဈေးကြီးပေး၍ ပိုက်ဘောမိထား သူများလည်း အများအပြား ရှိနေသည်ဟု ကြားသိရသည်။
အားပေးရုံနှင့် အကြွေးမကျေ၊ ငွေထုတ် ပေးလို့ ကူညီပါအဖေ။
အိမ်ခြံမြေအရောင်းအဝယ်လုပ်၍ ဈေးကစားကြသည့်လုပ်ငန်းရှင်များမှာ ပိုက်ဘောမိထားသော်လည်း အချိန်အခါ ကောင်းကို စောင့်စားရင်း အခြားလက်ငုပ်လက်ရင်း အခြားစီးပွားရေးလုပ်ငန်းများ တွင်ပြောင်းရွှေ့လုပ်ကိုင်ပြီး အိနြေ္ဒမပျက် နေနိုင် ကြသော်လည်း ရှိစုမဲ့စု အရင်းအနှီးထုတ်၍ အိမ်ခြံမြေဝယ်ထားကြသူအချို့မှာ အဖိုးတန်လက်ဝတ်ရတနာများ ထုခွဲ ရောင်းချသော်လည်း မြေကွက်ဝယ်ရန် မလုံလောက် ၍ ငွေထုတ်ချေးသူများထံမှ ငါးကျပ်တိုး၊ တစ်ဆယ်တိုးပေးကာ ရင်းနှီး မြှုပ်နှံထားသူ များမှာ ယနေ့အချိန်အခါ တွင် "အမေကယ်ပါ" "အဖေကယ်ပါ" အော်ရလောက်အောင် ငွေကြေးအကြပ် အတည်း များဖြင့်ရင်ဆိုင် နေကြရပြီးဖြစ်နေသည်ဟု သိရသည်။
အပေါင်ဆိုသော်လည်း ငွေရှင်အကြိုက်၊ အိမ်ခြံမြေအရောင်းစာချုပ်ချုပ်လိုက်ရ။
ယင်းသို့သောအကြပ်အတည်းမှရုန်းထွက်နိုင်ရန် တစ်ခုတည်းသော နည်း လမ်းမှာ မိမိတို့ ဝယ်ယူထားသော ပါမစ်မြေ ဂရန်မြေစာချုပ်စာတမ်းများကို ထပ်မံပေါင်နှံ၍ငွေချေငှား၍ စီးပွားရေးလုပ်ကိုင်နေကြရသည်ဟု ကြားသိနေရသည်။ အိမ် ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူများလည်း ပါမစ်/ဂရန်လာရောက်ပေါင်နှံလိုသူများရှိလျှင် အပေါင်ခံသူနှင့် ချိတ်ဆက် ပေးခြင်း၊ ငွေချေးကတိစာချုပ် ယုံကြည် အပ်နှံ မှုစာချုပ်၊ နှစ်ဦးသဘောတူအိမ်ခြံမြေ အရောင်းအဝယ်စာချုပ်များ ချုပ်ဆို ပေးကြခြင်း ပို၍ခိုင်မာစေရန် စာချုပ် တံဆိပ်ခေါင်း အလွတ်ပေါ်တွင်ပေါင်နှံသူ ကိုယ်တိုင် လက်မှတ်ရေးထိုးစေခြင်း၊ လက်ဗွေ နှိပ်၍ ယူထားခြင်းများ ပြုလုပ်ထားကြကြောင်းလည်း ကြားသိနေရသည်။
သေရေးရှင်ရေး ဖြစ်လာပြန်တော့လည်း အတိုးနှင့်ငွေချေးသူကိုပင် ကျေးဇူးတင်
ဤသို့ဆိုလျှင် ငွေချေးငှားသူအနေဖြင့် အရင်း သို့မဟုတ် အရင်းနှင့်အတိုး ခွဲ၍ပေးဆပ်နိုင်ပါက အဆင်ပြေနိုင်ကြ သော်လည်း လုပ်ငန်းမကောင်းခြင်း၊ မိသား စုကျန်းမာရေးချူချာ၍ ဆေးကုသခံ ယူရ ခြင်း၊ ဆေးရုံတက်၍ ခွဲစိတ်ရခြင်း စသော မမျှော်လင့်သော စိတ်ဆင်းရဲစရာ များနှင့် ကြုံတွေ့ခဲ့ပါလျှင် အရင်းလည်း မပေးနိုင်၊ အတိုးလည်းမပေးနိုင်သည့်အပြင် ကျန်းမာ ရေးအတွက် ဆေးဖိုးဝါးခပင် လည်ပတ် နိုင်အောင် ကြိုးစားနေရသော အချိန်မျိုး နှင့်လည်း ကြုံတွေ့ရတတ်ပါသည်။
အပူဒုက္ခဆိုးများမှ လွတ်မြောက်ဖို့အား ကိုးစရာ၊ ယတြာဆရာကောင်းရှာကြစို့။
ယင်းသို့အခြေအနေမျိုးနှင့် မကြုံစဖူး ကြုံဆုံရပြီး လက်မှိုင်ချရသည့်အခါမျိုးတွင် လူ့သဘာဝအရ၊ အားကိုးရာရှာကြသည်။ ဖြစ်ချင်သလိုမဖြစ်ပါက ဖြစ်သင့်သလိုဖြစ် လာနိုင်ရန် ငွေကြေးစီးပွားများတက်လာ စေရန် အိတ်ပေါက်နှင့် ဖားကောက်သလို ဖြစ်နေသည့် လက်ရှိဘဝမှ လွန်မြောက် နိုင်ရန် ဗေဒင်ဆရာကောင်းကောင်းကို ရှာဖွေ၍ ကြီးပွားရေး၊ စီးပွားရေး၊ ကျန်းမာ ရေး၊ ပညာရေး၊ လူမှုရေး ပြန်လည်အဆင် ပြေစေရန် အဆောင်ယတြာများ တောင်းကြ လေ့ရှိသည်။ အဆောင်ယတြာပေးသော ဗေဒင်နက္ခတ်ပညာရှင်များအနေဖြင့်
ဥာဏ်ပူဇော်ခ တောင်းရာတွင် တစ်ဦးနှင့် တစ်ဦး တစ်ပြေးညီယူကြခြင်းမရှိဟု ဆိုသည်။ အနည်းဆုံး ကျပ်ငါးထောင်မှ ကျပ်ငါးသောင်းထိ တောင်းကြလေ့ရှိသည် ဟု သိရသည်။ ထူးထူးခြားခြားယတြာများ ပြုလုပ်ရလျှင် သိန်းဆယ်ဂဏန်းထိ တောင်း ကြကြောင်းလည်း ကြားသိရသည်။ ထိုမျှ လောက်ကုန်ကျစရိတ် မလိုသက်သောင့် သက်သာဖြင့် ငွေလာဘ်တိတ်မှုမှ လွတ် မြောက်ပြီး ဥစ္စာဓန ပေါကြွယ်လာကာ လာဘ်ဝင်၊ ငွေဝင်၊ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်လာစေရန် အစွမ်းထက် သော စီးပွားတက် ယတြာကို နည်းပေး လိုက်ချင်ပါသည်။
ဆောင်ရွက်ရန်နည်းမှာ လက်ဦးဝင်ငွေ အကုန်မသုံးလေနှင့်။
မိမိရှိလာသော လက်ဦး (လစာ၊ ဝင်ငွေ၊ တစ်နေ့/တစ်လစာဝင်ငွေ/လုပ်ခ) စသည်တို့ရရှိလာသည်နှင့် အသုံးစရိတ် များကို မသုံးမီ ဖယ်ရှားပါ။ ဝင်ငွေပမာဏ အနည်းအများပေါ် မူတည်၍ စုဆောင်းပါ။ ၂ ရာခိုင်နှုန်းခန့် စုဆောင်းနိုင်လျှင် သင့် တော်ပါသည်။
ဘုရား၊ တရား၊ သံဃာရည်မှန်းကာ လစဉ်ပုံမှန်အလှူပေးပါ။
ဖယ်ထားသောငွေကို စုဘူးထဲတွင် ထည့်ထားပါ။ တစ်လတစ်ကြိမ် သို့မဟုတ် သုံးလတစ်ကြိမ် သင့်တော်သလို စုဆောင်း ၍ အလှူအတန်းပြုလုပ်ပါ။ အလှူအတန်း လုပ်ရန် အဆင်မပြေပါက ၎င်းစုဆောင်း ငွေဖြင့် ဘုရားအတွက် ပန်း၊ ရေသန့်၊ ဖယောင်းတိုင်၊ အမွှေးတိုင်၊ ဆွမ်းအတွက် စသည်ဖြင့် ဝယ်ယူ၍ လှူဒါန်းပါ။ ထို့အတူ သံဃာတော်များကိုလည်း လှူပါ။
အပူသောကအေးစေဖို့၊ မီးသွေးနှင့် အရက်မသုံးကြနဲ့
ရရှိလာသော လာဘ်ဦးငွေဖြင့် မီးသွေး၊ ထင်း၊ မီးပူစသော ပူလောင်စေတတ်သော ပစ္စည်းများ မဝယ်မိစေရန် သတိပြုပါ။ နှလုံးသားကိုပူလောင်စေတတ်သော မူးယစ်ဆေးဝါး၊ အရက်သေစာများ ဝယ်ယူ သုံးစွဲခြင်းမှ အထူးရှောင်ရှားပါ။
သာသနာ့မြေမှာ သန့်ရှင်းရေးလုပ်ပါ။ ကြောင်၊ ခွေး၊ ကျီး၊ ခို၊ ငါးတို့ကို အစာကျွေးပါ။
ဘုရားရင်ပြင် ဘုန်းတော်ကြီးကျောင်းရှိ ကျောက်ပြား၊ြွေကပြားများ၊ တံမြက်လှည်း သန့်ရှင်းပါ။ ကုဋီများတွင် သန့်ရှင်းရေး ပြုလုပ်ပေးပါ။ ပြုပြင်ပေးပါ။ ပိတ်ဆို့နေ သော ရေမြောင်းများအား ရှင်းလင်းပေး ပါ။ ငါးသက်စေ့လွှတ်ပါ။ ကြောင်၊ ခွေး၊ ကျီး၊ ခို၊ ငါးစသော တနင်္လာနံ (ငွေနံ) တိရစ္ဆာန်များအား အစာကျွေးပါဟူ၍ ယတြာပေးလိုက်ပါသည်။ လွယ်ကူသည် ဟူ၍ အထင်မသေးလိုက်ပါနှင့် ဝတ္တရား မပျက်ကွက်ဘဲ ပုံမှန်အတိုင်း ယုံယုံကြည် ကြည်နှင့် လုပ်ကိုင်ဆောင်ရွက်နိုင်ပါက (၃)လအတွင်း ပိတ်ဆို့နေသော ငွေဝင်လမ်း များ ပွင့်လာပါလိမ့်မည်။ ရရှိပြီးဖြစ်သော ငွေများလည်း တည်မြဲလာပါလိမ့်မည်။ အလုပ်အကိုင်အခွင့်အလမ်းများ ပြန်လည် ကောင်းမွန်လာပြီး ကံကောင်းသူဖြစ်လာကြပါ စေဟု ဆုမွန်ကောင်းတောင်းပေးလိုက်ပါ သည်။
ရွှင်လန်းကျန်းမာသုခ အဖြာဖြာနဲ့ ပြည့်စုံကြပါစေ။
မှီငြမ်း။ ။ ကျန်းမာပျော်ရွှင်၊ အောင်မြင် ချမ်းသာ ယတြာများ "ကောင်းသုခ"
ခေတ္တရာမြင့်အောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com