2452 ကြိမ် ကြည့်ရှု့ ပြီး

အကောင်းဆုံး အားပြန်ဖြည့်နိုင်ဖို့ ဖုန်းရွှေနည်းကျ အိပ်ခန်းနေရာ

အခုဆိုရင်တော့ အိပ်ရာထဲမှာပဲ ကွေးပြီး သာနေချင်လာတဲ့ မိုးရာသီကို ဖုန်းရွှေ ပရိသတ်ကြီး ကြုံတွေ့နေရပါပြီနော်။ မိုးကုန်ရင်လည်း အလားတူပဲ ကွေးလို့သာ ဖြတ်သန်းချင်တဲ့ ဆောင်းကာလကို ရောက်ရှိလာဦးမှာပါ။ ဒါကြောင့် ကျွန်မတို့တစ်တွေ မကြာခဏအာရုံ ရောက်နေကြရပြီး ဆက်လက်လည်း ရောက်နေကြရဦးမယ့် အိပ်ခန်းဟာ ကျွန်မတို့အကောင်းဆုံးအနားယူနိုင်တဲ့၊ အကောင်းဆုံးအားပြန်ဖြည့်နိုင်တဲ့ နေရာစစ်နေရာမှန် ဖြစ်ဖို့ရာ အလွန်တရာ အရေးကြီးလှပါတယ်။

ဒီလိုသက်သောင့်သက်သာရှိပြီး ကောင်းမွန်တဲ့ဓာတ်တွေ မွေးဖွားစေတဲ့ အိပ်ခန်းတစ်ခန်းရရှိဖို့ရာ သင့်အနေနဲ့ ဖုန်းရွှေ ပညာရှင်တစ်ယောက်ကို မလိုအပ်ပါဘူး။ ဖော်ပြပေးမယ့် ဖုန်းရွှေ စည်းမျဉ်းတွေအတိုင်းသာ သင့်အိပ်ခန်းကို အလွယ်တကူပုံစံချပြီး အိပ်ခန်းအတွင်း ပိုမိုသဟဇာတဖြစ်၊ ဟန်ချက်ညီမှုရှိအောင် ဖန်တီးလိုက်ပါ။

ပထမဆုံးအနေနဲ့ သင့်အိပ်ခန်းရဲ့ အလျားအနံဘေးဘောင်တွေကို စတုဂံပုံတစ်ခုအဖြစ် စာရွက်လွတ်တစ်ရွက်ပေါ်မှာ အကြမ်းဖျင်းရေးဆွဲလိုက်ပါ။ ဝင်ပေါက်ရှိတဲ့အနားကို အောက်ဘက်မှာ ထားပြီးတော့ပေါ့။

အဲဒီစတုဂံမှာ ကန့်လန့်ဖြတ်မျဉ်းနှစ်ကြောင်းနဲ့ ထောင် လိုက်မျဉ်းနှစ်ကြောင်း အကွာအဝေးညီညီဆွဲပြီး စတုဂံ (၉) ခုရ အောင်ပိုင်းပါ။

အကောင်းဆုံး အားပြန်ဖြည့်နိုင်ဖို့ ဖုန်းရွှေနည်းကျ အိပ်ခန်းနေရာ

၁။ ဝင်ပေါက်ရှိတဲ့ ကန့်လန့် ဖြတ်အတန်းမှာရှိတဲ့ အကွက်သုံးကွက်ကို ကြည့်မယ်ဆိုရင် ပထမဆုံးအကွက် (ဝင်ပေါက်ရှိတဲ့ အကွက်)က 'ဗဟုသုတ' ပါ။

ဗဟုသုတကြီးစိုးတဲ့ နေရာပေါ့။ ဒီနေရာမှာ စာအုပ်စင်၊ စာအုပ်နဲ့ဥာဏ်ရည်ဖွံ့ဖြိုးတိုး တက်မှုဆိုင်ရာ ပစ္စည်းပစ္စယတွေပဲ ထားပါ။

အကောင်းဆုံး အားပြန်ဖြည့်နိုင်ဖို့ ဖုန်းရွှေနည်းကျ အိပ်ခန်းနေရာ

၂။ ဗဟုသုတအကွက်ပြီးရင် သူ့နံဘေး၊ အလယ်ကွက်က 'အလုပ်အကိုင်' ပါ။

အလုပ်အကိုင်ကြီးစိုးတဲ့နေရာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ မှန်တွေ ဒါမှမဟုတ် ရေနဲ့ ဆိုင်တဲ့အရာတွေ၊ သင့်အလုပ်အကိုင် ရည်မှန်းချက်ပန်းတိုင်တွေကို အထောက်အကူပေးမယ့် ရုပ်ပုံကားချပ်တွေပဲ ထားရှိပါ။

အကောင်းဆုံး အားပြန်ဖြည့်နိုင်ဖို့ ဖုန်းရွှေနည်းကျ အိပ်ခန်းနေရာ

၃။ အလုပ်အကိုင်အကွက်ရဲ့ နံဘေးက ဒီဘက်အစွန်ဆုံး အကွက်က 'ကူညီသူများ' သို့ မဟုတ် 'ခရီးသွားလာမှု' ကို ကိုယ် စားပြုပါတယ်။ ကိုယ့်ကိုကူညီသူတွေရဲ့ ဓာတ်ပုံတွေကို ထားပါ။

အကောင်းဆုံး အားပြန်ဖြည့်နိုင်ဖို့ ဖုန်းရွှေနည်းကျ အိပ်ခန်းနေရာ

၎။ ဗဟုသုတအကွက်ရဲ့ အပေါ်၊ အလယ်တန်းရဲ့ ပထမအကွက်ကတော့ 'မိသားစု' သို့ မဟုတ် 'ကျန်းမာရေး'ကို ကိုယ်စား ပြုပါတယ်။

ဒါကြောင့် ဒီနေရာမှာတော့ မိသားစုဓာတ်ပုံတွေ၊ ဆွေစဉ်မျိုးဆက်စောင့်ရှောက်လာတဲ့ ပစ္စည်းတွေ၊ သစ်ပင်ပန်းမန်တွေကို ထားရမှာပါ။

အကောင်းဆုံး အားပြန်ဖြည့်နိုင်ဖို့ ဖုန်းရွှေနည်းကျ အိပ်ခန်းနေရာ

၅။ အခုပြောမယ့်အကွက် ကတော့ ဇယားတစ်ခုလုံးရဲ့ အလယ်ဗဟိုကွက်ပဲ ဖြစ်ပါတယ်။ ဒီနေရာကတော့ သင့်အိပ်ရာ ကုတင်ရှိရမယ့် နေရာပါပဲ။

အကောင်းဆုံး အားပြန်ဖြည့်နိုင်ဖို့ ဖုန်းရွှေနည်းကျ အိပ်ခန်းနေရာ

၆။ အလယ်တန်းမှာ မိသားစုအကွက်ရဲ့ ဆန့်ကျင်ဘက်၊ ဒီဘက် စွန်းအကွက်ကတော့ 'ဖန်တီးနိုင်စွမ်း' သို့မဟုတ် 'သားသမီးများ' အကွက်ပဲ ဖြစ်ပါတယ်။

အနုပညာပစ္စည်းတွေ၊ အနုပညာလက်ရာတွေနဲ့ ကွန်ပျူတာ ဒါမှမဟုတ် သားသမီးငယ် ရှိတယ်ဆိုရင် ကလေးငယ်တွေကို ထားသင့်ပါတယ်။

အကောင်းဆုံး အားပြန်ဖြည့်နိုင်ဖို့ ဖုန်းရွှေနည်းကျ အိပ်ခန်းနေရာ

၇။ အပေါ်ဆုံးတန်းကို ရောက်ပါပြီ။ အောက်က မိသားစုအကွက်ရဲ့ အပေါ်တည့်တည့် ပထမဆုံးအကွက်ဟာ 'ချမ်းသာ ကြွယ်ဝမှု' ပဲ ဖြစ်ပါတယ်။

ငွေ၊ လက်ဝတ်ရတနာ၊ ငါး၊ ရေတံခွန်၊ အနီရောင် ခရမ်းရောင်ရွှေရောင်ရှိတဲ့အရာတွေကို ထားရမှာပါ။

အကောင်းဆုံး အားပြန်ဖြည့်နိုင်ဖို့ ဖုန်းရွှေနည်းကျ အိပ်ခန်းနေရာ

၈။ နံဘေးအကွက်ကတော့ 'ဂုဏ်သတင်းကျော်ကြားမှု' ပဲ ဖြစ်ပါတယ်။ ဒီအကွက်မှာ ဖယောင်းတိုင်၊ ဆုတံဆိပ်၊ အပင်၊ အနီရောင် ခရမ်းရောင်၊ ရွှေရောင်ရှိတဲ့ အရာတွေ ထားပေးရပါမယ်။

အကောင်းဆုံး အားပြန်ဖြည့်နိုင်ဖို့ ဖုန်းရွှေနည်းကျ အိပ်ခန်းနေရာ

၉။ နောက်ဆုံးအကွက်က တော့ 'ချစ်ခင်ကြင်နာမှု'အကွက်ပဲ ဖြစ်ပါတယ်။ မှန်ဝိုင်း ဒါမှမဟုတ် ဘဲဥပုံမှန်၊ ပန်းရောင်ရှိတဲ့အရာ၊ ချစ်ခင်နှစ်သက်သူတွေရဲ့ ဓာတ်ပုံတွေ၊ စုံတွဲလိုက်ရှိတဲ့အရာတွေကို ထားရှိရမယ့်နေရာပဲ ဖြစ်ပါတယ်။

အကောင်းဆုံး အားပြန်ဖြည့်နိုင်ဖို့ ဖုန်းရွှေနည်းကျ အိပ်ခန်းနေရာ

အထက်ဖော်ပြပါ ဥပဒေသတွေအပြင် အိပ်ခန်းဖုန်းရွှေ အပြင်အဆင်နဲ့ပတ်သက်လို့ အမြဲတစေမှတ်သားရမယ့် အချက် တစ်ချက်ကိုလည်း မမေ့ပစ်လိုက်ပါနဲ့ဦး။

လူအများစုက အိပ်ခန်းထဲမှာ တီဗွီတွေရှိကြပါတယ်။အီလက်ထရောနစ်ပစ္စည်းတစ်ခုဖြစ်တဲ့ တီဗွီမှာ တက်ကြွစွမ်းအင်တွေ ရှိပါတယ်။ သူ့ကို အဖုံးမအုပ်ထားပေးဘူးဆိုရင်တော့ အဲဒီ စွမ်းအင်တွေက ထွက်နေမှာပဲဆိုတော့ သင်အိပ်တဲ့အချိန်မှာ ဒါတွေက သင့်ကိုအနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် အိပ်ခန်းထဲမှာ တီဗွီရှိတယ်ဆိုရင် တီဗွီကို မသုံးတဲ့အချိန်မှာ ပိတ်စလှလှလေးနဲ့ ဖုံးထားဖို့လည်း မမေ့ပါနဲ့။

အကောင်းဆုံး အားပြန်ဖြည့်နိုင်ဖို့ ဖုန်းရွှေနည်းကျ အိပ်ခန်းနေရာ

ဒါဆိုရင်တော့ ကျွန်မတို့အကောင်းဆုံးအနားယူနိုင်တဲ့၊ အကောင်းဆုံးအားပြန်ဖြည့်နိုင်တဲ့ နေရာစစ်နေရာမှန် ဖုန်းရွှေအိပ်ခန်းကို ရရှိပြီမဟုတ်ပါလားရှင်။

 

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

အခြား အိမ်ခြံမြေ ဖုန်းရွှေ ဆောင်းပါးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)