3451 ကြိမ် ကြည့်ရှု့ ပြီး

သင်ဝယ်ယူသင့်တဲ့ နေအိမ်သစ်အတွက် ဖုန်းရွှေလမ်းညွှန်ချက်

 သင့်လက်ရှိနေထိုင်နေတဲ့ အိမ်ဂေဟာလေးမှာ ဖုန်းရွှေမင်္ဂလာ ဖန်တီးချင်တယ်ဆိုရင် ဒါမှမဟုတ် ဖုန်းရွှေနည်းကျ  တည်ဆောက်ထားတဲ့ အိမ်ဂေဟာသစ်တစ်ခုကို ဝယ်ယူဖို့ ရှာဖွေနေတယ်ဆိုရင် အခုအောက်မှာ ဖော်ပြထားတဲ့ ရိုးရှင်းပြီး အခြေခံကျလှတဲ့ ဖုန်းရွှေ လမ်းညွှန်တွေက သင့်ကိုကူညီပေးနိုင်ပါတယ်။

၁။ အိမ်အပြင်ဘက်ကဖုန်းရွှေ

ဖုန်းရွှေနည်းကျအိမ် တစ်အိမ်မှာ မကောင်းတဲ့အညံ့ဓါတ် ရှာချီဒါမှမဟုတ် ရှီချီဆိုတာ အိမ်တွင်အိမ်ပြင်တစ်ဝိုက်ဘယ် မှာမှကို မရှိပါဘူး။ အိမ်ရဲ့အပြင်ဘက်ကို သင့်အနေနဲ့ ဂရုတစိုက်လေ့လာပါ။ ဖျတ် လတ်စူးရှတဲ့မျက်လုံးနဲ့ အိမ်ပတ်ပတ်လည် ကိုကြည့်ပါ။ လမ်းဦးတိုက်အိမ်လား၊ ရထား သံလမ်းနဲ့နီးလား။ ခြံနောက်မြေက နိမ့်လျှော လေး။ ဒီအိမ်မျိုးတွေက အထူးဂရုစိုက်ဖို့ လိုတဲ့အိမ်တွေပါ။ ဖုန်းရွှေကို စမ်းသပ်နေတဲ့ အခက်တွေ့စေတဲ့ အိမ်တွေပဲဖြစ်ပါတယ်။

ဘယ်လောက်ပဲသေးပါစေ။ လှပတဲ့ ဥယျာဉ်လေးတစ်ခုဖန်တီးပါ။ ဒါ က သင့်အိမ်အတွက်အကျိုးရှိတဲ့ ဖုန်းရွှေ စွမ်းအင်တွေကို စွဲဆောင်ပေးမှာပဲဖြစ် ပါတယ်။   

 

သင်ဝယ်ယူသင့်တဲ့ နေအိမ်သစ်အတွက် ဖုန်းရွှေလမ်းညွှန်ချက်

         
၂။ အိမ်ရှေ့အဝင်တံခါးဆီသို့ စွမ်းအင် စီးဝင်မှု 

                                                                                                    ဖုန်းရွှေအိမ်ကောင်းတစ်အိမ် ဆိုတာ အိမ်ရှေ့အဝင်တံခါးဆီချောမွေ့၊ တောင်းတင်း၊ သန့်ရှင်းတဲ့စွမ်းအင်စီးဝင်မှု ရှိတဲ့အိမ်ပါ။ သင့်အိမ်ရှေ့အဝင်တံခါးဆီ ချီ(ခေါ်) ဖုန်းရွှေစွမ်းအင်ဝင်တဲ့လမ်းကြောင်း ပိတ်ဆို့နေပါသလား။ သစ်ပင်ကြီး ဒါမှ မဟုတ် အခြားတစ်ခုခုရဲ့ ပိတ်ဆို့ခံနေရတာ လား။    
        
ဒါမှမဟုတ်ရင်တော့ သင့်တံခါးက ပိုကောင်းတဲ့ဖုန်းရွှေအရောင်၊ တံခါးရွက်သစ် လက်ကိုင်သစ်စတာတွေလို ဂရုစိုက်မှုအသစ် လိုအပ်နေတာလား။ ဒါမှမဟုတ်ရင်လည်း ပန်းအိုးအဟောင်းတွေ၊ ဖိနပ်တွေ၊ အမှိုက် တွေ တံခါးအပြင်မှာ ထားမိပြီး ပိတ်ဆို့ ထားသလိုဖြစ်နေတာလား။ သင့်အနေနဲ့ ဂရုတစိုက်ကြည့်ဖို့လိုပါတယ်။  

သင်ဝယ်ယူသင့်တဲ့ နေအိမ်သစ်အတွက် ဖုန်းရွှေလမ်းညွှန်ချက်

   
၃။ ပင်မဝင်ပေါက်တံခါးမှ ဝင်လာသော စွမ်းအင်အရည်အသွေး        

ဖုန်းရွှေအိမ်ကောင်းတစ်အိမ်မှာ အိမ်တစ်လုံးကိုဝင်လာတဲ့ဖုန်းရွှေစွမ်းအင် ကိုကြိုဖို့၊ ခိုင်မာစေဖို့နဲ့ လှည့်ပတ်နေစေဖို့ စီမံထားတဲ့ ပင်မဝင်ပေါက်ရှိရပါမယ်။ ဒါက သင့်အိမ်ကို အားဖြည့်ပေးပြီး အကောင်း ဓါတ်တွေကို ဖန်တီးပေးမှာပါ။ သင့်အိမ်ကို ဝင်လိုက်တာနဲ့ သင်ပထမဆုံးဘာကိုမြင်ရ ပါသလဲ။ သင့်ရဲ့စွမ်းအင်(အာရုံစူးစိုက်မှု) တွေဘယ်နေရာကို ရောက်သွားသလဲ။ ရေချိုးခန်းက ရှေ့တံခါးနဲ့ နီးနေတာမို့ ရေချိုးခန်းကို အာရုံတန်းရောက်သွားသလား။   

သင်ဝယ်ယူသင့်တဲ့ နေအိမ်သစ်အတွက် ဖုန်းရွှေလမ်းညွှန်ချက်   

           
၎။ ဖုန်းရွှေမင်းတရား ၃ ပါး

ဖုန်းရွှေအိမ်ကောင်းတစ်အိမ်မှာ သူ ရဲ့အဓိကစွမ်းအင်ဗဟိုဌာနတွေ (အိပ်ခန်း၊  မီးဖိုချောင်နဲ့ ရေချိုးခန်း) မှာ ခိုအောင်း နေတဲ့ဖုန်းရွှေကောင်းတွေရှိပါတယ်။ သင့် အိမ်ထဲက ဖုန်းရွှေစွမ်းအင် အရည်အသွေး ဟာ သင့်အိပ်ခန်း၊ မီးဖိုချောင်နဲ့ ရေချိုးခန်း၊ တွေရဲ့ခိုင်ခံမှုအပေါ် အဓိကမူတည်ပါ တယ်။  

ဒီနေရာ ၃ ခုမှာ ဖုန်းရွှေအုတ်မြစ်အား ကောင်းတာ သေချာပါစေ။ အဲ့ဒီ ၃ နေရာ က စွမ်းအင်အရည်အသွေးကောင်းဖို့ အမြဲမပြတ်ဂရုစိုက်ပါ။
ဖုန်းရွှေအိပ်ခန်းကောင်း၊ ဖုန်းရွှေ မီးဖိုချောင်ကောင်း၊ ဖုန်းရွှေရေချိုးခန်း ကောင်းမရှိဘဲနဲ့ ဖုန်းရွှေအိမ်ကောင်း မရှိ နိုင်ပါဘူး။

သင်ဝယ်ယူသင့်တဲ့ နေအိမ်သစ်အတွက် ဖုန်းရွှေလမ်းညွှန်ချက်

၅။ လတ်လတ်ဆတ်ဆတ်ဖုန်းရွှေစွမ်းအင်

 ဖုန်းရွှေအိမ်ကောင်းဆိုတာ လတ် ဆတ်၊ သန့်ရှင်း၊ လွတ်လပ်စွာ စီးဝင် လှည့်ပတ်တဲ့စွမ်းအင်တွေနဲ့ ပြည့်နေရပါ တယ်။ အိမ်ရဲ့ဘယ်နေရာမှာမှ ဟောင်းနွမ်း ဆွေးမြေ့နေတဲ့ စွမ်းအင်မရှိရပါဘူး။ စွမ်းအင်ကို လတ်ဆတ်အောင် စီးဝင်လှည့် ပတ်အောင်ထိန်းသိမ်းလိုက်နာတတ်တဲ့ အကျင့်မွေးမြူပါ။

လှည့်ပတ်လို့မရဘူးဆို မလှည့်ပတ်ဘဲ အိမ်တွင်း တစ်နေရာထဲမှာပဲ ပိတ်မိနေတဲ့ စွမ်းအင်တွေဟာ မကြာခင်မှာပဲ သူ့ဘာသာ သင့်ဘဝထဲမှာလည်း တစ်နေရာမှာ အသေပိတ်မိသွားပါလိမ့်မယ်။ ဒီလိုမဖြစ်ဖို့ သင့်ရဲ့ ဗြုတ်စဗျင်းတောင်းတွေ၊ အဝတ်ဗီရို၊ မြေ အောက်ခန်း၊ ဂိုဒေါင်တွေကို  ရှင်းလင်းပါ။ ဗြုတ်စဗျင်းတောင်း ရှုပ်ပွမှုတွေကို နောက် ထပ်မဖြစ်ပါစေနဲ့။    

 

သင်ဝယ်ယူသင့်တဲ့ နေအိမ်သစ်အတွက် ဖုန်းရွှေလမ်းညွှန်ချက်

၆။ ဖော်ဆောင်မှု

နောက်ဆုံးမှာချင်တာကတော့ အိမ် တစ်အိမ်မှာ ဖုန်းရွှေနည်းကျ အကောင်း ဓါတ်တွေ ဝန်းရံနေစေဖို့ အထက်ဖော်ပြ ပါ လုပ်ဆောင်နိုင်တဲ့ အချက်တစ်ချက်စီး ဖော်ဆောင်သွားပါ။ တစ်ပြိုင်တည်းအကုန်ပြီးမြောက်ဖို့ လုပ်ဆောင်နိုင်တဲ့ ရက်ကျမှ အကောင်အထည်ဖော်မယ်လို့ မဆုံးဖြတ် လိုက်ပါနဲ့။ တကယ်တော့ ဒီလိုဖော်ဆောင်တာဟာလည်း ဖုန်းရွှေနည်းကျပါပဲ။   

 

သင်ဝယ်ယူသင့်တဲ့ နေအိမ်သစ်အတွက် ဖုန်းရွှေလမ်းညွှန်ချက်  


ခင်အေးချမ်း မှ  iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

အခြား အိမ်ခြံမြေ ဖုန်းရွှေ ဆောင်းပါးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)