20823 ကြိမ် ကြည့်ရှု့ ပြီး

သင့်အိမ်ဂေဟာအား ဖုန်းရွှေနည်းဖြင့် မင်္ဂလာရှိစေရေး ရိုးရှင်းသောအချက် ၉ ချက်

 အခုချိန်ဟာ ဝါလကင်းလွတ် သီတင်းကျွတ် တန်ဆောင်တိုင်အခါသမယမို့ သင့်အိမ်လေးကို ဖုန်းရွှေနည်းနဲ့ ကောင်းခြင်းမင်္ဂလာ ကျက်သရေဓာတ်တွေ ဖြည့်တင်းဖို့ရာ စတင်လိုက်ဖို့ လန်းဆန်းသစ်လွင်တဲ့ အချိန်အခါမြတ်လေးပါပဲ.........

ဒါ့အပြင် ၉ ဂဏန်းဟာ ဖုန်းရွှေ မှာ အပေါင်းလက္ခဏာဆောင်ပြီး အောင် မြင်တဲ့ အနာဂတ်ကို ဖန်တီးပေးနိုင်စွမ်း ဆုံး ဂဏန်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် အောက်ပါအချက် ကိုးချက်ကို သင်ကိုင် တွယ်စီမံနိုင်မယ်ဆိုရင် သင့်အိမ်ဂေဟာ ဆီကောင်းမွန်တဲ့ စွမ်းအင်ဓာတ်တွေ ပိုမို ရောက်ရှိကိန်းအောင်း လာမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ။

အိမ်ရှေ့တံခါးမကို တကျွီကျွီအသံတွေနဲ့ ကြွက်ကြွက်ညံမနေပါစေနဲ့။
အိမ်ရှေ့ဝင်ပေါက်တံခါးမကြီး ဖွင့် လိုက်၊ ပိတ်လိုက်တိုင်း တကျွီကျွီအသံ တွေ မြည်နေပါသလား။ ဝင်ပေါက်တံခါး မကြီး ဆိုတာ သင်အိမ်ထဲကို ပြန်ဝင်လာ တဲ့အခါတိုင်း ၊ အိမ်ကနေ ထွက်ခွာတိုင်း ပထမဆုံးနဲ့ နောက်ဆုံးကြုံတွေ့ရတဲ့ အရာ ပဲဖြစ်ပါတယ်။ အဲဒီတံခါးမကို အဖွင့် အပိတ်လုပ်တိုင်း အသံတွေမြည်နေမယ် ဆို သင့်စိတ်ခံစားမှုနဲ့ ကျန်းမာရေးတို့ကို ထိခိုက်စေနိုင်ပါတယ်။ ဒီတော့ တံခါးရဲ့ ပတ္တာကို  ဆီထည့်ပေးပြီး အသံမမြည် အောင် ပြုလုပ်ခြင်းဖြင့် အိမ်ထဲကို ဝင် တိုင်း၊ အိမ်ထဲကနေ ထွက်ခွာတိုင်း ကောင်းမွန်တဲ့ စွမ်းအင်တွေကို များများ ဖန်တီးရယူ လိုက်ပါ။ တံခါးမကြီးတင်မ ဟုတ် ပါဘူး။ တစ်အိမ်လုံးက တံခါးပတ္တာ တွေ ကို ဆီထည့်ပေးပါကလည်း သင့်အိမ်မှာ ကျက်သရေမင်္ဂလာတိုးပွားစေဖို့ အထောက်အကူ ဖြစ်စေမှာပါ။ ဝင်ပေါက် တံခါးမကြီးကတော့ အရေးကြီးဆုံးပါပဲ။

 

သင့်အိမ်ဂေဟာအား ဖုန်းရွှေနည်းဖြင့် မင်္ဂလာရှိစေရေး ရိုးရှင်းသောအချက် ၉ ချက်

၂။ အိမ်ထဲဝင်တိုင်း အိမ်ရှေ့ဝင်ပေါက် တံခါးမကို အသုံးပြုပါ။


ခြံထဲဆင်းပြီး အိမ်ပေါ်ပြန်တက်တာလိုမျိုး အိမ်နောက်ဖေးပေါက်ကနေအိမ် ထဲဝင်ရတာ ပိုလွယ်ကူအဆင်ပြေတဲ့ အခါမျိုးတွေမှာ လူအများစုက အိမ်ထဲဝင်ဖို့ရာ အိမ်နောက်ဖေးပေါက်ကနေပဲ လွယ်လင့်တကူ အိမ်ထဲဝင်တတ်ကြပါတယ်။ ဖုန်းရွှေနည်းအရတော့ ဒါဟာ လုံးဝကို ရှောင် ရှားသင့်တဲ့အပြုအမူပါ။ အိမ်ရှေ့ဝင်ပေါက် တံခါးမကြီးဆိုတာ ကောင်းမွန်တဲ့ စွမ်းအင် ဓာတ်တွေ သင့်အိမ်နဲ့ သင့်ဘဝထဲကို ဝင် လာခွင့်ရမယ့် တစ်ခုတည်းသော ဝင်ပေါက် နေရာပဲဖြစ်ပါတယ်။ ဒါကြောင့် သင့်ဘဝ ထဲ ကောင်းခြင်းမင်္ဂလာတွေကိုသာ ဆောင် ကြဉ်းဖို့ရာ အိမ်ထဲဝင်တိုင်း သေရေးရှင်ရေး၊ ရန်သူမျိုးငါးပါးဘေး စတာတွေလို အရေး ပေါ်အခြေအနေမျိုးကလွဲလို့ အခြားဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အလွယ် လမ်းမလိုက်ဘဲ အိမ်ရှေ့ဝင်ပေါက်ကိုသာ အသုံးပြုပါ။

၃။ ဖုန်းရွှေရေတံခွန် ထားရမယ့်နေရာ။

ဖုန်းရွှေမှာ ရေဆိုတာ ချမ်းသာကြွယ်ဝ မှုကို ကိုယ်စားပြုပါတယ်။ လူတော်တော် များများက ကျွန်တော့်ကို မေးကြတယ်။ ဖုန်းရွှေနည်းအရဆိုရင် ရေတံခွန်ကို ဘယ် မှာထားတာ အကောင်းဆုံးဖြစ်မလဲပေါ့။ ဖုန်းရွှေဥပဒေသတွေအရတော့ ရေတံခွန် ကို သင့်အိမ်ဝင်ပေါက်နားမှာထားတာ အကောင်းဆုံးပါပဲ။ အိမ်ခန်းအတွင်းပဲ ဖြစ်ဖြစ်၊ အပြင်ပဲဖြစ်ဖြစ် ဝင်ပေါက်နား ဆိုရပါတယ်။ အဓိကက သင့်အိမ်ရဲ့ အလယ်ဗဟိုကို မျက်နှာမူပြီး ရေစီးစေဖို့ပါပဲ။ စည်းစိမ်ဥစ္စာတွေ သင့်ဘဝထဲ၊ သင့်အိမ်ထဲကို စီးဝင်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။

 

သင့်အိမ်ဂေဟာအား ဖုန်းရွှေနည်းဖြင့် မင်္ဂလာရှိစေရေး ရိုးရှင်းသောအချက် ၉ ချက်


၎။ မီးဖိုချောင်က ဗီရိုတွေ၊ ကြောင်အိမ်တွေပေါ်မှာ သစ်ပင်လေးတွေ စိုက်ပါ။

သင့်မီးဖိုချောင်ကို ကြည့်ကြည့်ပါ။ ဗီရိုတွေနဲ့ မျက်နှာကြက်ရဲ့ ကြားမှာ နေရာ လွတ်မရှိဘူးဆို ဖုန်းရွှေနည်းအရ အလွန် ကောင်းပါတယ်။ အကယ်၍ နေရာလွတ် ရှိနေတယ်ဆိုရင်တောင် အဲဒီနေရာလွတ် ဟာ မကောင်းတဲ့ဓာတ်တွေကို ဆောင် ကြဉ်းတဲ့နေရာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ နေရာလွတ်ရှိနေပါက ဖုန်းရွှေနည်းအရ ထိန်းညှိပြောင်းလဲဖို့ လိုပါပြီ။ ပထမဆုံး မီးချောင်းတွေထားပေးလိုက်ပါ။ ပြီးတော့ အစိမ်းရောင်အပင်လေးတွေကို အိုးနဲ့စိုက် တာဖြစ်ဖြစ်၊ ခြင်းနဲ့ဖြစ်ဖြစ် ထားပေးလိုက် ပါ။ လှပပြီး ချစ်စရာကောင်းတဲ့ အရာလေး တွေလည်း ထားလို့ရပါတယ်။ အဲဒီလို လုပ်ဆောင်လိုက်ခြင်းအားဖြင့် အဲဒီအရာ တွေက အဲဒီဧရိယာတစ်ဝိုက် ဓာတ်တွေကို အကောင်းဓာတ်တွေအဖြစ် ပြောင်းလဲပေးပြီး သင့်ဘဝထဲ ဆောင်ကြဉ်းလာမှာပဲ ဖြစ်ပါတယ်။

၅။ ရေချိုးခန်းတံခါးကို သုံးပြီးတိုင်း ပြန်ပိတ်ပါ။

အထက်မှာပြောခဲ့သလိုပဲ ရေဆိုတာ ချမ်းသာကြွယ်ဝမှုကို ကိုယ်စားပြုတာမို့ မိမိရဲ့ စည်းစိမ်အလေအလွင့်မရှိအောင် ရေချိုးခန်းတံခါးကို သုံးပြီးတိုင်း ပြန်ပိတ် ရမှာပဲ ဖြစ်ပါတယ်။ ဒါမှ ရေချိုးခန်းထဲ က ရေဟာ အပြင်ဘက်ကို အဖိတ်အစင် မရှိဘဲ အတွင်းကိုသာ စီးဆင်းသွားမှာမို့ သင့်စည်းစိမ်ဟာလည်း ဒီသဘောတရား အတိုင်းပဲ ပလိုင်းပေါက်နဲ့ ဖားကောက် ရသလိုမဖြစ်တော့မှာပါ။

 

သင့်အိမ်ဂေဟာအား ဖုန်းရွှေနည်းဖြင့် မင်္ဂလာရှိစေရေး ရိုးရှင်းသောအချက် ၉ ချက်



၆။ သင့်အိပ်ရာက ဘယ်နေရာမှာ ရှိနေပါသလဲ။

သင့်ဘဝရဲ့ အချိန်တော်တော်များများ ကို အိပ်ချိန်နဲ့ ကုန်ဆုံးရတာမို့ သင့်အိပ် ရာတည်ရှိမှုအထားအသိုနေရာဟာ ဖုန်းရွှေအရဆို တစ်အိမ်လုံးမှာ အရေးကြီးဆုံး လို့ ဆိုရမှာပါ။ သင့်ဘဝ သင်ကောင်း ကောင်းကွပ်ကဲထိန်းချုပ်နိုင်ဖို့ သင့်အိပ်ရာ ကို နေရာမှန်မှာထားဖို့ လိုအပ်ပါတယ်။ အိပ်ရာခေါင်းရင်းမျက်နှာမူတာနဲ့ အိပ် ခန်းတံခါးမျက်နှာမူတာတို့ဟာ ထောင့်ဖြတ် ဖြစ်နေရမှာပါ။ ဒါပေမဲ့လည်း အဲဒီအထား အသိုက အားလုံးအတွက် အမြဲတမ်းဘယ် အဆင်ပြေနိုင်မလဲနော်။ ဒါကြောင့်မို့ အခန်းအနေအထားပေါ် မူတည်ပြီး ကျွန် တော်ပြောတဲ့အကြံဥာဏ်အတိုင်း လိုက်လုပ်လို့မရမဖြစ်ရအောင်အားလုံးနဲ့အဆင်ပြေ စေမယ့်နည်းကို ပြောပြပေးမှာပါ။ သင် လုပ်ရမှာက မှန်တစ်ချပ်ရှာပါ။ အိပ်ရာထဲ သင်လဲလျောင်းနေစဉ်မှာပါ။ အိပ်ခန်းဝင် ပေါက်တံခါးကို မှန်ကတစ်ဆင့် သင့်အနေနဲ့ ကောင်းကောင်းမြင်နိုင်မယ့်နေရာမှာ မှန်ကို ထားပါ။ အောက်ခြေမှာ ဘီးပါပြီး ရွေ့လျားရအဆင်ပြေတဲ့ မှန်ဆိုရင်တော့ အကောင်းဆုံးပေါ့။

သင့်အိမ်ဂေဟာအား ဖုန်းရွှေနည်းဖြင့် မင်္ဂလာရှိစေရေး ရိုးရှင်းသောအချက် ၉ ချက်

 ၇။ အိပ်ခန်းထဲမှာ တီဗွီရှိတယ်ဆိုရင် တီဗွီကို အဖုံးဖုံးထားပါ။


လူအများစုက အိပ်ခန်းထဲမှာ တီဗွီ တွေရှိကြပါတယ်။ အိပ်ရခက်နေတယ်။ အိပ်မပျော်ဘူးဆိုရင် သင်လုပ်ရမှာက တီဗွီကို အသုံးမပြုဘဲထားတဲ့အချိန်မှာ အဖုံးအုပ်ပေးဖို့ပါပဲ။ ဟုတ်ပါတယ်။ အီ လက်ထရောနစ်ပစ္စည်းတွေမှာ တက်ြွက စွမ်းအင်တွေရှိပါတယ်။ အဖုံးမအုပ်ထား ပေးဘူးဆိုရင် အဲဒီစွမ်းအင်တွေက ထွက်နေ မှာပဲဆိုတော့ သင်အိပ်တဲ့အချိန်မှာ သင့်ကို အနှောင့်အယှက်ဖြစ်စေတာပါ။ ဒါကြောင့်  အိပ်ခန်းထဲမှာ တီဗွီရှိတယ်ဆိုရင် တီဗွီကို မသုံးတဲ့အချိန်မျာ ပိတ်စလှလှလေးနဲ့ အဖုံးဖုံးထားပါ။

၈။ ပြတင်းပေါက်မှန်တွေအားလုံးကို သန့်သန့်ရှင်းရှင်းထားပါ။

ပြတင်းပေါက်တွေဆိုတာ ကမ္ဘာကြီး နဲ့ သင့်ကို ထိတွေ့ပေးမယ့် မျက်လုံးတွေ ပါပဲ။ ဒါကြောင့် ပြတင်းပေါက်မှန်တွေကို သန့်သန့်ရှင်းရှင်းထားပေးခြင်းဖြင့် သင့် မျက်လုံးတွေဖွင့်ကာ သင့်ဝန်းကျင်ကို တောက်ပစေလိုက်ပါ။

သင့်အိမ်ဂေဟာအား ဖုန်းရွှေနည်းဖြင့် မင်္ဂလာရှိစေရေး ရိုးရှင်းသောအချက် ၉ ချက်

၉။ ချုံနွယ်တွေရှင်းလင်းပြီး နေရာ လွတ်လေးတွေ ဖော်ဆောင်ပါ။


ခြံနဲ့နေပါက သင့်ခြံထဲက ချုံနွယ် မြက်ပင်တွေ ထူထပ်နေတဲ့ နေရာတွေကို မီးရှို့ရှင်းလင်းသင့်ရင် မီးရှို့ရှင်းလင်းပါ။ အိုဟောင်းနေတဲ့ စွမ်းအင်တွေ လောင်ကျွမ်း ပျက်စီးပြီး လန်းဆန်းသစ်လွင်တဲ့ စွမ်းအင် တွေ မွေးဖွားလာပြီး အဲဒီနေရာတွေမှာ ကိန်းအောင်းစေခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အထက်ဖော်ပြပါ အချက် ၉ ချက်ကို လုပ်ဆောင်ခြင်းအားဖြင့် သင့် အနာဂတ်အတွက် သင့်အိပ်မက်တွေ လှပစွာ အကောင်အထည်ပေါ်လာနိုင်ကြ ပါစေလို့ ကျွန်တော်တို့ iMyanmarHouse.com အဖွဲ့သားများက ဆုမွန်ကောင်းတောင်း ပေးလိုက်ပါတယ်။

 

ဧပရာယ်ခင်မှ မှ  iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

 

အခြား အိမ်ခြံမြေ ဖုန်းရွှေ ဆောင်းပါးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)