“အမွေဆိုင် ” ဆိုတာ ဘာလဲ - Property Knowledge in Myanmar from iMyanmarHouse.com
1437 Views

“အမွေဆိုင် ” ဆိုတာ ဘာလဲ

Knowledge | Posted by Zarni Kyaw

လူသားအားလုံး တစ်ချိန်မှာ အိုကြ၊နာကြ၊ သေကြရအုံးမှာပါ။ မိမိသေဆုံးသွားလျှင် မိမိတို့ပိုင်ဆိုင်တဲ့ အိမ်၊ ခြံ၊ မြေ တွေ ကို သားသမီး၊ မြေး၊ မြစ် တွေကိုအမွေအဖြစ်ပေးတတ်ကြပါသည်။ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ သေတမ်းစာနှင့် မိသားစု စီမံမှုဆိုတာ ရှိပါတယ်။ လူကြီးမင်းတို့အိမ် ဝယ်ယူမယ့် အိမ်၊ ခြံ၊ မြေ က သေတမ်းစာတစ်ခုတည်းနှင့် ကိုးကားပြီးရောင်းတဲ့ အိမ်၊ ခြံ၊ မြေ ဆိုရင် မဝယ်သင့် ပါဘူး။ တခြား ပိုင်ဆိုင်မှု အထောက်အထားတွေကို ကြည့်ပြီးမှ ဝယ်ယူသင့်ပါတယ်။ စာချုပ်ထဲမှာ ပေးအပ်တဲ့သူက “သေဆုံးချိန်နောက်ပိုင်းတွင်” ပိုင်ဆိုင်မှု ရှိရမယ်လို့ သေတမ်းစာ သဘောဆန်တဲ့စာချုပ်ချုပ်ထားသော် အိမ်၊ ခြံ၊ မြေ တွေ ကိုလည်း ရှောင်သင့်ပါတယ်။

အမွေပေးအပ်တဲ့သူတစ်ဦးတည်းရဲ့ ဆန္ဒအရ ပေးအပ်ခဲ့တဲ့ စာချုပ်မျိုး(ဥပမာ- အဖေ၊ အမေ ၊ အဘိုး၊ အဘွား တွေက သားသမီး ၊မြေးမြစ်တွေထဲကမှ တစ်ဦးထဲကိုပဲ အမွေပေးအပ်ခဲ့ချင်လို့ အခြားညီကိုမောင်နှမတွေရဲ့ သဘောတူညီမှုမပါပဲ အမွေဆက်ခဲရမဲ့သား တစ်ဦးတည်းကို သာ လက်မှတ်ထိုးထားတဲ့ စာချုပ်မျိုးနဲ့ ချုပ်ဆိုထားတဲ့ အိမ် ခြံ မြေဆိုရင် လည်းရှောင်ရှားသင့်ပါသည်။

အကယ်၍ စာချုပ်ထဲမှာ အမွေရှင်ကိုယ်တိုင် တရားဝင် ခွဲတမ်း (ကြေညာစာတမ်း) ကို အမွေရှင်ရော အမွေဆက်ခံမယ် အမွေခံ သားသမီး အကုန်လုံးအပြင် အသိသက်သေ နှစ်ဦးပါ လက်မှတ်ထိုးထားပြီး စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာလည်း စာချုပ်ချုပ်ဆိုထားပြီး အားလုံးက ကန့်ကွက်မှု မရှိသဘောတူကြောင်းရေးသားပြီး လက်မှတ်ထိုးထားကြတဲ့ အိမ်၊ ခြံ၊ မြေ ဆိုရင်တော့ ဝယ်ယူနိုင်ပါတယ်။

မြန်မာနှစ်သစ်ကူးအကြို အိမ်ရာအရောင်းပွဲတော်
စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ စာချုပ်ချုပ်ဆိုမထားဘူးဆိုရင် အမည်ပြောင်းတဲ့အခါအမည်ပေါက်လျှောက်တဲ့အခါတွေမှာဆိုရင် ပြသနာရှိနိုင်ပါတယ်။ ရန်ကုန်မြို့ရဲ့ အိမ် ခြံ မြေ လောကမှာ အမွေဆိုင်အိမ်ခြံ မြေဆိုတာရှိနေဦးမှာပါ။ အမွေဆိုင် အိမ် ခြံ မြေတိုင်းကို မ၀ယ်ယူသင့်ဘူးလို့ မပြောလိုပါ။

အကယ်၍၀ယ်ယူမယ်ဆိုရင်နားလည်တတ်ကျွမ်းတဲ့ ရှေ့နေတွေနဲ့ စာချုပ်စာတမ်းတွေကို သေချာစစ်ဆေးပြီး မှ ၀ယ်ယူသင့်ကြောင်း ရောင်းမှား ၀ယ်မှား မဖြစ်ရလေအောင် အကြံပြုပြောကြားလိုပါသည်

Credit: Myanmar Property News

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်

Upcoming Property Events

ponnami
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service