ကမ္ဘာ့ ပထမဆုံး ထရီလျံနာ ပုဂ္ဂိုလ်က နည်းပညာ လုပ်ငန်းရှင် တစ်ဦးပဲ ဖြစ်လာလိမ့်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
1432 Views

ကမ္ဘာ့ ပထမဆုံး ထရီလျံနာ ပုဂ္ဂိုလ်က နည်းပညာ လုပ်ငန်းရှင် တစ်ဦးပဲ ဖြစ်လာလိမ့်မည်ဟုဆို

လက်ရှိ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး Bill Gates အနေနဲ့ ချမ်းသာ ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ ၈၅ ဘီလီယံ ကျော်ထိ ရှိနေပြီးတစ်ချိန်ချိန်မှာ သူဟာ ကမ္ဘာ့ပထမဆုံး ထရီလျံနာ သူဌေးကြီး ဖြစ်လာနိုင်တယ်လို့ ခန့်မှန်း သုံးသပ်မှုတွေ ရှိနေကြပါတယ်။

ဒါပေမယ့်လည်း ကိုယ့်ထူးကိုယ်ချွန် ချမ်းသာကြွယ်ဝလာသူ ဘီလျံနာ သူဌေးကြီး တစ်ဦး ဖြစ်တဲ့ Mark Cuban ကတော့ ကမ္ဘာ့ ပထမ ဆုံးသော ထရီလျံနာ သူဌေးကြီး ဖြစ်လာနိုင်မယ့်သူတွေဟာ artificial intelligence ဆိုတဲ့ လူတို့ရဲ့ဥာဏ်ရည်ကို ကွန်ပြူတာနဲ့ တုပဖန်တီးမှု နည်းပညာကို ဖန်တီးလုပ်ဆောင်နေသူ လုပ်ငန်းရှင်တွေပဲ
ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းပြောဆိုသွားပါတယ်။

“ ကျွန်တော် ပြောပြချင်တာက ကမ္ဘာ့ပေါ်မှာ
ပထမဆုံး ဖြစ်လာနိုင်မယ့် ထရီလျံနာက ဘယ်လိုလုပ်ငန်းမျိုးကပဲ
ဖြစ်လာနိုင်သလဲဆိုရင်တော့ AI ကို တစ်ဘက်ကမ်းခတ်ကျွမ်းကျင်စွာ ထုတ်လုပ် ဖန်တီးနိုင်တဲ့ လုပ်ငန်းရှင် တစ်ယောက်ယောက်ပဲ ဖြစ်ဖို့ ရှိနေပါတယ်” လို့ ၎င်းကပြောကြားသွားပါတယ်။

“ လာမယ့် ဆယ်နှစ်လောက်အတွင်းမှာနည်းပညာဆန်းသစ်မှု
များစွာ ကျွန်တော်တို့ တွေ့ရဖို့ရှိနေပါတယ်၊
အဲဒီမှာ အရာရာတိုင်းကို တိုက်စားသွားနိုင်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။

Google အနေနဲ့ မကြာသေးမီကပဲ AI နည်းပညာကို စတင် အသုံးပြုလာခဲ့ရာမှာတော့ ရလဒ် အနေနဲ့ ယင်းရဲ့ဝင်ငွေပိုင်းမှာ ဒေါ်လာ ၉ ဘီလီယံ ထပ်ပေါင်းထည့်နိုင်လိုက်တယ်လို့ Cuban က ထောက်ပြပြောဆို သွားတာဖြစ်ပါတယ်။

“ ခု ဖြစ်ပျက်နေတဲ့ နည်းပညာပိုင်းမှာ ခင်ဗျားတို့ နက်နက်ရှိုင်းရှိုင်း ပါဝင်မထားမိဘူး ဆိုရင် ခုချိန်မှာ လေ့လာ သင်ယူ လုပ်ကိုင်နေသမျှ ဆုံးရှုံးသွားရနိုင်ပါတယ်၊ ခုချိန်မှာကျွန်တော်တို့ရဲ့ ဆော့ဝဲတွေဟာ အော်တိုမက်တစ်ဆော့ဝဲတွေ အဖြစ်ပြောင်းနိုင်ဖို့ လုပ်နေကြပါပြီ၊လူအစား အလိုအလျောက် စနစ်ကို အသုံးပြုနိုင်ဖို့ပြောင်းနေတာဖြစ်ပါတယ်” လို့ ၎င်းက ဆိုသွားပါတယ်။

Credit: SFJ Strategy First Journa

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်

Upcoming Property Events

mya-villa
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service