ကိုယ်ရဲ့ စိတ်ချမ်းသာမှုကိုပေးနိုင်တဲ့အရာတို့နဲ့ ပြင်ဆင်ထားတဲ့ ဇွဲပြည့်ရဲ့ တိုက်ခန်း - Celebrity Interview on Property from iMyanmarHouse.com
4681 ကြိမ် ကြည့်ရှု့ပြီး

ကိုယ်ရဲ့ စိတ်ချမ်းသာမှုကိုပေးနိုင်တဲ့အရာတို့နဲ့ ပြင်ဆင်ထားတဲ့ ဇွဲပြည့်ရဲ့ တိုက်ခန်း

Posted by MIA (iMyanmarHouse.com)

အဆိုတော်ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ ကိုယ့်ဘာသာကိုယ် ရှာဖွေထားတဲ့ ပိုက်ဆံနဲ့ ပထမဦးဆုံးတိုက်ခန်းဝယ်၊ ကိုယ့်စိတ်ကြိုက်ဒီဇိုင်းတွေ ပြင်ဆင်ခဲ့တဲ့ အဆိုတော်ဇွဲပြည့်က သိပ်မကြာသေးခင်ကမှ ကိုယ်ပိုင်အိမ်ခန်းလေး တစ်ခုကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။



တာမွေမြို့နယ်၊ ၁၄၈ လမ်းမှာရှိတဲ့ ကွန်ဒိုအသစ်တစ်လုံးက အခန်းလေးကို ဒီနှစ်ထဲမှာပဲ ဝယ်ယူခဲ့ပြီးတော့ အခန်းပြင်ဆင်မှုတွေကိုလဲ ဒီမတ်လဆန်းကပဲ အချောသတ် ပြီးစီးသွားတာဖြစ်ပါတယ်။ အညိုရောင်သန်းတဲ့ အိမ်ခန်းနံရံနဲ့ အဝါရောင်မီးတွေ တပ်ဆင်ထားတဲ့ ဇွဲပြည့်ရဲ့ အိမ်ခန်းလေးက အရမ်းမကျယ်ပေမဲ့လဲ တည်တည်ငြိမ်ငြိမ် သပ်သပ်ရပ်ရပ် ပြင်ဆင်မှုလေးကို ခံစားစေမိပါတယ်။




ဇွဲပြည့်က သူ့ရဲ့ အိမ်အသစ်နဲ့ပတ်သတ်တဲ့ ခံစားချက်တွေ၊ ကိုယ်တိုင်စီစဉ် ကြပ်မတ်ပြီး အိမ်ခန်းကိုပြင်ဆင်ရတဲ့ အတွေ့အကြုံတွေကို iMyanmarHouse.com Property မဂ္ဂဇင်းက သွားရောက်မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး - ဒီအိမ်ခန်းလေးကို အခုမှပထမ ဦးဆုံး ကိုယ်ပိုင်ပိုက်ဆံနဲ့ဝယ်ပြီး ကိုယ် တိုင်ပြင်ဆင်ခဲ့တာဆိုတော့ အဲဒီအတွေ့ အကြုံလေးကို ပြောပြပေးပါ။



အရင်ဦးဆုံး ဒီအိမ်စပြီး ဝယ်ဖြစ်တော့ လာကြည့်တော့ ဒီအခန်းက ဘာမှမရှိဘဲ အလွတ်ကြီးပေါ့။ ကျွန်တော့် ဆရာကိုလဲ ခေါ်ပြတယ်။ ဝယ်ပြီးတဲ့ အခါမှာ ဒီအခန်းအတွက် ပြင်ဆင်ဖို့အတွက် ကျွန်တော်စဉ်းစားပြီး ကျွန်တော့် ဆရာကိုပဲ အကူအညီတောင်းဖြစ်တော့ ဆရာချိတ်ဆက်ပေးတဲ့သူတွေနဲ့ စပြင်ဖြစ်ပါတယ်။

ဒီအိမ်ခန်းကို မပြင်ခင်မှာ ကျွန်တော်ဘန်ကောက်မှာရှိတဲ့ ကျွန်တော့် ဆရာအိမ်ကိုရောက်ဖြစ်ပါတယ်။ အဲဒီ ဘန်ကောက်က အိမ်ရဲ့ အပြင်အဆင်ကို သဘောကျပြီး အဲ့အတိုင်း ကျွန်တော့် စိတ်ကြိုက်ကို ကျွန်တော် ပြင်ခိုင်းတာပါ။ အိမ်ဝယ်ပြီး အိမ်ပြင်ဆင်တာ တစ်လလောက်ပဲကြာတယ်။ ဒီအခန်းပြင်ဆင်တာ အပြီးအစီး သိန်း ၁၇၀ လောက် ကုန်ကျပါတယ်။



မေး - ဒီအိမ်ခန်းပြင်ဆင်တဲ့ အချိန်မှာ ရော ပြင်ဆင်တဲ့အဖွဲ့နဲ့ ကိုယ်နဲ့အဆင်ပြေပြေရှိလား၊ ကိုယ်ပြောတာနဲ့ပြင်ဆင် တာနဲ့ရော ကိုက်ညီမှုရှိလားပေါ့။ ဘယ်လို အတွေ့အကြုံလေးတွေ ရှိလဲဆိုတာကို ပြောပြပေးပါ။



ကျွန်တော်သူတို့ကို မပြင်ခင်မှာ ဘန်ကောက်က ကျွန်တော်ကြိုက်တဲ့ အိမ်အပြင်အဆင်လေးကိုပြတယ်။ ပြပြီးတော့ ကျွန်တော်ဒီလိုပုံစံ၊ ဒီလိုအရည်အသွေးမျိုး လိုချင်တယ်ပေါ့။ ဒါပေမဲ့ တချို့အရာတွေကတော့ မြန်မာနိုင်ငံမှာ လုပ်လို့မရတာတွေရှိတယ်။ အရည်အသွေးပိုင်း ကွာတာတို့တော့ရှိတယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံး အကောင်းဆုံးတော့ သူ တို့လုပ်ပေးတယ်။ တော်တော်လဲ ကောင်းတယ် ဝင်လိုက်တာနဲ့ အဆင်ပြေတယ်။ ပြင်နေတုန်းကိုပဲကြည့်ပြီးတော့ စိတ်ချမ်းသာတယ်၊ စိတ်တိုင်းကျပါတယ်။ သူတို့ လုပ်တာ လူအင်အားများများနဲ့ လုပ်ပေး ပါတယ်။ ဒီအိမ်ခန်းမှာသုံးတဲ့ မီးဆလိုက် တွေဘာတွေတော့ ကျွန်တော့်စိတ်ကူးနဲ့ ကျွန်တော်ဝယ်ပါတယ်။ သူတို့ပြင်ဆင် နေတဲ့အတွင်းမှာတော့ TV စင်တွေကို တော့ ကိုယ့်ဘာသာကိုယ် နေရာချတယ်။



မေး - အကို ဒီအိမ်ခန်းလေးကို ဘာ ကြောင့်ဝယ်ဖြစ်လဲ၊ ဒီအပြင်အဆင်ဒီဇိုင်း လေးကိုကော အကို ဘာလို့နှစ်သက်တာ ပါလဲ။



အမှန်တိုင်းပြောရရင် အိမ်တစ်အိမ်ဝင်လိုက်တာနဲ့ စိတ်ချမ်းသာသွားရမယ်၊ လင်းလင်းထင်ထင်း နေရတာကို ကြိုက်တယ်။ ပြီးတော့ ကျွန်တော့်မိဘ တွေနဲ့ နေချင်တာဆိုတော့ နေလို့ရမယ့် အခန်းမျိုးပေါ့။ အကျယ်ကြီးလဲ မလိုချင် ဘူး။ ကိုယ်ကနယ်မှာနေတဲ့သူ နယ်မှာက ခြံကျယ်ကျယ်ဝန်းဝန်းနေလာခဲ့တာ ဆိုပေမဲ့ ရန်ကုန်ရောက်တော့ ဒီက အနေအထားနဲ့ အဆင်ပြေမယ့် အနေ အထားမျိုးပေါ့၊ သွားရေးလာရေးလဲအဆင် ပြေရမယ် လူတိုင်းနဲ့လဲ အထိအတွေ့ရှိရ မယ်။ မြို့ထဲလဲမကျ၊ မြို့ပြင်လဲ မရောက်တဲ့နေရာမျိုး။ ဒီလမ်းဆိုလဲ အဆင်ပြေ တယ်ပေါ့နော်။ ဈေးနဲ့နီးတာတွေ၊ အကုန် လုံးနဲ့လည်း နီးတာကို ရွေးတာပေါ့နော်။ နောက်ပြီး ဒီရပ်ကွက်က ညဆိုလဲ တိတ်ဆိတ်တယ်။



မေး-အစ်ကို့အနေနဲ့ အိမ်ခန်းမှာ အတွင်း အလှတွေ ပြင်ဆင်တာကျတော့ကော အစ်ကို ဘယ်လိုစိတ်ကူးနဲ့လုပ်လဲ။ ဧည့်ခန်းတို့၊ အိပ်ခန်းတို့ကို ပြင်ဆင်ထားတဲ့ စိတ်ကူးလေးတွေ ပြောပြပေးပါဦး။



ဒီအခန်းကို ပြင်ဆင်တဲ့အဖွဲ့က နံရံတွေဆေးသုတ်ဖို့အတွက် ဆေးတွေစပ်တော့ သူတို့က ဘယ်အရောင်နဲ့ ဘယ် ဆေးနဲ့ ဘယ်လိုပုံစံအတွဲလေးတွေ သွား မလဲဆိုပြီးပြတယ်။ အဲ့မှာ ကျွန်တော်က အညိုဖက်ကို ရွေးလိုက်တယ်။ အညိုကျတော့ မျက်စိအေးမယ့်ပုံစံမျိုးပေါ့။ ပြီး တော့ အခန်းအတွင်းက မီးတွေအကုန် လုံးကို အဝါရောင်ပဲ ထည့်ထားတယ်။ အဖြူရောင်ဆိုရင် ပူလောင်တယ်ဆိုပြီး။ အဝါက ကျွန်တော်နဲ့လဲ အသားကျနေ တယ်။ နောက်ပြီး အိမ်ကမီးတွေ ဆင်တာကိုလဲ မီးလိုင်းဆင်တဲ့အဖွဲ့ကို ခေါ်ပြီး မီးလိုင်းတွေကိုအပြင်ဘက်မထားဘဲ အုတ်နံရံကိုလှီးပြီးတော့ မီးလိုင်းတွေ ကို အတွင်းပိုင်းဘက်မှာ ပြန်တပ်တယ်။ အဲ့လိုမျိုးတွေ ပြင်ဆင်ပါတယ်။



မေး- အခု အကိုလည်း ကိုယ်ကိုယ်တိုင် ဝယ်ထားတဲ့ အိမ်အသစ်မှာ စပြီးနေနေ ပြီဆိုတော့ အိမ်အသစ်မှာနေရတဲ့ ခံစားချက်လေးရယ် အိမ်တစ်အိမ်က ဘယ်လောက်အရေးကြီးလဲဆိုတာလေး ပြော ပြပေးပါလား။



ဘယ်လောက် အရေးကြီးလဲဆို တော့။ ကျွန်တော် နယ်ပွဲတွေဆက်တိုက် သွားတယ် အရမ်းပင်ပန်းပြီး ပြန်လာတဲ့ အခါမှာ ကိုယ့်အိမ်ကိုယ်ရောက်ပြီဆိုတာ နဲ့ ပင်ပန်းတာတွေ ပျောက်သွားတယ်။

အဲ့လိုမျိုးဖြစ်အောင်လဲ အတတ်နိုင်ဆုံး အိမ်ထဲမှာ အပြည့်အစုံ ထည့်ထားပေး တယ်။ အပြည့်အစုံဆိုတာ ကိုယ်ဝင် လိုက်တာနဲ့ ကိုယ့်ရဲ့ စိတ်ချမ်းသာမှုကို ပေးတဲ့ အရာမျိုးပေါ့နော်။ အမေကိုလဲ ကိုယ့်အိမ်မှာခေါ်ထားတယ်။ ကိုယ့်အိမ် ခန်းကိုယ်ရှိလာတဲ့အချိန်မှာ ကိုယ့်အမေ ကိုခေါ်ထားတာမျိုးတွေက အရမ်းကို စိတ်ချမ်းသာစေပါတယ်။



မေး- အစ်ကိုရဲ့ ကိုယ်ပိုင်အခန်းကို ရော ဘယ်လိုစိတ်ကြိုက်ပြင် ဆင်ထားလဲ။



ကျွန်တော်ကိုယ့် ကိုယ်ပိုင်အခန်းကိုတော့ အရမ်းကြီး အများကြီး ပစ္စည်း တွေထည့်ပြီး မပြင် ဆင်ထားဘူး။ ဘာ ဖြစ်လို့လဲဆိုတော့ အရင်က ဒီအိမ်ခန်း မဝယ်ခင်က အဒေါ် အိမ်မှာနေတော့

ကျွန်တော့် ပစ္စည်းတွေက နှစ်အိမ်မှာထားသလိုဖြစ်နေ တယ်။ အိမ်ပြင်ကတည်းကတော့ ကျွန်တော့်အခန်းရယ်လို့တော့ မဟုတ် ဘဲ ပါတဲ့အခန်းနှစ်ခန်းလုံးကို ပြင်ထား ပေးပါတယ်။ အရမ်းလဲ အကျယ်ကြီး မဟုတ်တော့ sound system တွေ ဘာတွေတော့ ကျွန်တော့်အခန်းထဲမှာ မတပ်ထားဘဲ ဧည့်ခန်းထဲမှာပဲတပ်ထား လိုက်တယ်။ ဒီအခန်းဝယ်ကတည်းက ဇွဲပြည့်အတွက်ဆိုပြီး သီးသန့်ဝယ်ထား တာဆိုတော့ အရမ်းရှုပ်ယှက်ခက်အောင်လဲ ပစ္စည်းတွေထည့်မနေတော့ ဘဲ အမြဲသန့်သန့်ရှင်းရှင်းလေးရှိနေရင် အဆင်ပြေပြီပေါ့နော်။ ကျွန်တော်က ရှင်းရှင်းလင်းလင်းဖြစ်တာကိုကြိုက်တော့ အတတ်နိုင်ဆုံး မျက်စိရှင်းရှင်းနဲ့ နား အေးပါးအေးရှိတာမျိုးကြိုက်တယ်။အိမ် ထဲမှာ ဖုန်မရှိတာမျိုးတွေ၊ လုံပြီး တိတ် ဆိတ်တာမျိုးတွေ ကြိုက်တယ်။ အဆင့်အတန်းတစ်ခုရှိပြီး ရှင်းရှင်းလင်းလင်းရှိရင် အဆင်ပြေပြီပေါ့။



မေး- အစ်ကိုက နယ်မြို့မှာ အိမ်နဲ့ခြံနဲ့ နေခဲ့ဖူးတာဆိုတော့ အခုရန်ကုန်မှာ ဒီလိုတိုက်ခန်း၊ ကွန်ဒိုနဲ့နေရတာ ဘယ် လို ခံစားချက်တွေ ကွာခြားသွားလဲ။



နယ်မှာ ကိုယ့်ခြံနဲ့ ကိုယ့်ဝန်းနဲ့ ဆိုတော့ ကားပါကင်ရှာစရာတော့ မလို ဘူးပေါ့။ ကားကို ကိုယ့်ခြံထဲမှာ ထားလို့ ရတယ်။ အခုရန်ကုန်မှတော့ ကားပါကင် နည်းနည်း အဆင်မပြေဖြစ်တယ်။ ကား ပါကင်ကျပ်တာမျိုးတွေ၊ ကိုယ့်အိမ်အောက် မှာတင် ကားရပ်စရာမရှိတာမျိုးတွေ၊ တိုက်ခန်းဆိုတော့ ဒီအလွှာလိုက် ကား တွေရှိတာဆိုတော့ ကျွန်တော်ညဘက် ပွဲရှိလို့နောက်ကျရင် ကားရပ်စရာနေရာ မရှိတာမျိုးတွေကတော့ ကွာခြားချက် ပေါ့။ ဒီတိုက်ခန်းက ကားပါကင်မပါတော့ ကားပါကင်နေရာရှာရတာ တော်တော်မလွယ်ဘူး။



မေး- အဲဒါဆို အရင်တုန်းက ကိုယ်ပိုင်အိမ်နဲ့ခြံနဲ့နေခဲ့တာကနေ အခုတိုက်ခန်းမှာနေရတော့ အဆင်မပြေ တာမျိုးတွေရောရှိလား။



အဆင်ပြေပါတယ် အရမ်းကြီးကွာခြားသွားတာမျိုး မဟုတ်ပါဘူး။အရင်တုန်းက အိမ်မှာနေတုန်း ကလဲ ကိုယ့်အိမ် အလုပ်ဝိုင်းကူ တာနဲ့ အပြင်မှာ နေတဲ့ အချိန်ကများ ပြီး ညအိပ်တဲ့အချိန်မှ အိမ်ပြန်အိပ်တာပေါ။ အခုနောက်ပိုင်း အဆိုတော်ဖြစ်လာ တော့လဲ သိပ်တော့မထူးပါဘူး အပြင် ရောက်နေတာကများတော့ အိမ်ပြန်တဲ့ အချိန် ကျွန်တော့်အခန်းထဲ ကျွန်တော်ဝင်ပြီး ကျွန်တော့်ဘာသာ ကျွန်တာ် တိတ်တိတ်ဆိတ်နေတာများတော့ အရမ်းကြီးကွာခြားသွားတာမျိုး မရှိပါဘူး။



ဟုတ်ကဲ့။ အခုလို အချိန်ယူ ဖြေကြားပေးတဲ့အတွက် ကိုဇွဲပြည့်ကို iMyanmarHouse.com Property မဂ္ဂဇင်းက ကျေးဇူးတင်ပါတယ်။



MIA မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အင်တာဗျူး၍ ဖော်ပြပေးပါသည်။

Credit: iMyanmarHouse.com
ကိုယ်ရဲ့ စိတ်ချမ်းသာမှုကိုပေးနိုင်တဲ့အရာတို့နဲ့ ပြင်ဆင်ထားတဲ့ ဇွဲပြည့်ရဲ့ တိုက်ခန်း - Celebrity Interview on Property from iMyanmarHouse.com
ကိုယ်ရဲ့ စိတ်ချမ်းသာမှုကိုပေးနိုင်တဲ့အရာတို့နဲ့ ပြင်ဆင်ထားတဲ့ ဇွဲပြည့်ရဲ့ တိုက်ခန်း - Celebrity Interview on Property from iMyanmarHouse.com
ကိုယ်ရဲ့ စိတ်ချမ်းသာမှုကိုပေးနိုင်တဲ့အရာတို့နဲ့ ပြင်ဆင်ထားတဲ့ ဇွဲပြည့်ရဲ့ တိုက်ခန်း - Celebrity Interview on Property from iMyanmarHouse.com
ကိုယ်ရဲ့ စိတ်ချမ်းသာမှုကိုပေးနိုင်တဲ့အရာတို့နဲ့ ပြင်ဆင်ထားတဲ့ ဇွဲပြည့်ရဲ့ တိုက်ခန်း - Celebrity Interview on Property from iMyanmarHouse.com
ကိုယ်ရဲ့ စိတ်ချမ်းသာမှုကိုပေးနိုင်တဲ့အရာတို့နဲ့ ပြင်ဆင်ထားတဲ့ ဇွဲပြည့်ရဲ့ တိုက်ခန်း - Celebrity Interview on Property from iMyanmarHouse.com
ကိုယ်ရဲ့ စိတ်ချမ်းသာမှုကိုပေးနိုင်တဲ့အရာတို့နဲ့ ပြင်ဆင်ထားတဲ့ ဇွဲပြည့်ရဲ့ တိုက်ခန်း - Celebrity Interview on Property from iMyanmarHouse.com
ကိုယ်ရဲ့ စိတ်ချမ်းသာမှုကိုပေးနိုင်တဲ့အရာတို့နဲ့ ပြင်ဆင်ထားတဲ့ ဇွဲပြည့်ရဲ့ တိုက်ခန်း - Celebrity Interview on Property from iMyanmarHouse.com
ကိုယ်ရဲ့ စိတ်ချမ်းသာမှုကိုပေးနိုင်တဲ့အရာတို့နဲ့ ပြင်ဆင်ထားတဲ့ ဇွဲပြည့်ရဲ့ တိုက်ခန်း - Celebrity Interview on Property from iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)