အိမ်ကအကြီးကြီး မဟုတ်ပေမယ့် ကာတွန်းထဲက အိမ်ပုံစံဆိုရင်တောင် ကိုယ်ပိုင်ဆိုရင် သဘောကျတဲ့ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန် - Celebrity Interview on Property from iMyanmarHouse.com
4539 ကြိမ် ကြည့်ရှု့ပြီး

အိမ်ကအကြီးကြီး မဟုတ်ပေမယ့် ကာတွန်းထဲက အိမ်ပုံစံဆိုရင်တောင် ကိုယ်ပိုင်ဆိုရင် သဘောကျတဲ့ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်

Posted by လဲ့ရွှေရည်ထွန်း (iMyanmarHouse.com)

ကိုယ်ပိုင်စိတ်ကူးလေးနဲ့ ပုံဖော်ထားတဲ့ အိမ်ခြံဝင်းလေးတွေလိုအပ်ပါတယ်။ ဘဝမှာ အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်တစ်ယောက်ဖြစ်အောင် ကြိုးစားနေတဲ့ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်နဲ့ မေးမြန်းဖြစ်ခဲ့ပါတယ် . . .







မေး။ အနုပညာရှင်တစ်ယောက်အနေနဲ့ ဘယ်လိုနေထိုင်မှု အိမ် ပုံစံမျိုးကို နှစ်သက်ပါသလဲ။







ကျွန်တော်က နယ်မှာနေခဲ့ဖူးလို့လားမသိဘူး။ တစ်ထပ်လုံးချင်း ဆောက်ထားတဲ့အိမ်မျိုးကြိုက်တယ်။ နှစ်ထပ်သုံးထပ်အဲ့လိုမျိုး မလိုဘူး။ တစ်လုံးထဲ အဲလိုမျိုးအိမ်ပုံစံ သေးသေးလေးနဲ့ ကာတွန်း ထဲမှာပါတဲ့ အိမ်ပုံစံမျိုးပေါ့။ ခြံလေးနဲ့ ရေကန်လေးရယ်၊ တံတား လေးရယ်၊ အဲလိုပုံစံကြိုက်တယ်။ အရင်က ကျွန်တော်နယ်မှာ နေတုန်းကလည်း ကျွန်တော့်အိမ်ပုံစံက ဒီလိုမျိုးပဲ လုပ်ထားတာ။ (ရယ်လျက်) အဲလိုရိုးရိုးရှင်းရှင်း ချစ်ဖို့ကောင်းတဲ့ အိမ်မျိုးကြိုက် တယ်။







မေး။ အခုလက်ရှိနေထိုင်နေတဲ့ အိမ်ပုံစံမျိုးကိုရော ကြိုက်နှစ်သက်ပါ သလား။ နယ်ကရော ဘယ်မှာနေခဲ့တာလဲ။







တနင်္သာရီတိုင်းက ကော့သောင်းမြို့ ခမောက်ကြီးမြို့နယ်နဲ့ လည်း နီးတယ်။ အဲဒီမှာ နေခဲ့တာ။ အခုလက်ရှိနေထိုင်တဲ့ အိမ်ပုံစံက စိတ်ကူးထဲက ပုံစံမဟုတ်ပေမယ့် ကျေနပ်ပါတယ်။ ရန်ကုန်ပြောင်းလာတာလည်း မကြာသေးဘူး။ နေရာသစ်ကို ပြောင်းတဲ့အစဖြစ်သလို ကျွန်တော့်ဘဝကိုလည်းအစ ကနေ စခဲ့တာ။ ဘာလို့လဲဆိုတော့ ရန်ကုန်ရောက်တဲ့အချိန်မှာ ဆုံးရှုံးမှု တွေရှိခဲ့တယ်။ စီးပွားရေးနဲ့ ပတ်သက်ပြီး အများကြီးဆုံးရှုံးခဲ့ တယ်။ ကြုံတွေ့ခဲ့ရတယ်။ မိသားစုအတွက်ရော သိန်းပေါင်းများစွာ ဆုံးရှုံးမှုဖြစ်ခဲ့တယ်။ အခုက တိုက်ခန်းနဲ့နေတာ နယ်ကအိမ်နဲ့ တော့ မတူဘူးပေါ့။ ကျရာနေရာမှာ ဒေါင်ကျကျပြားကျကျ နေတတ်တဲ့ကျွန်တော့်အတွက်ကတော့ သဘောကျပါတယ်။ စိတ်ကူးထားတဲ့ အိမ်မျိုးမဟုတ်ဘူးပေါ့။ ကြိုက်တာတော့ ကြိုက် နှစ်သက်ပါတယ်။







မေး။ တကယ်လို့သာ ကိုယ်ပိုင်အိမ်နဲ့ ခြံလေးနဲ့နေဖြစ်ရင် ဘယ်လိုအိမ်ပုံစံမျိုးကို စိတ်ကူးထားပါသလဲ။







ခုနက ကျွန်တော်ပြောသလိုပဲ စိတ်ကူးထားတဲ့ပုံစံမျိုးက အရင်တုန်းက နယ်ကလို ဒီမှာက သီးပင်စားပင်တွေ စိုက်လို့ မရဘူးပေါ့။ ဒါပေမဲ့ ကျွန်တော့်ခြံဝင်းထဲမှာ ပန်းခင်းလေး လုပ် ထားမယ်။ ရေကူးကန်လေးပါတယ်။ တံတားလေး ထိုးပြီးတော့ ရေကူးကန်ဆိုတာထက် ငါးမွေးကန်ပေါ့ ကျွန်တော် တိရစ္ဆာန်လေး တွေ မွေးရတာ သဘောကျတယ်။ ငါးကန်လေးရယ် ရေတံခွန် လေးရယ် တံတားလေးလည်းပါမယ်။ ပြီးတော့ အိမ်ကလေးက မြေညီထပ်လေးပေါ့နော်။ ကာတွန်းဆန်ဆန်လေး။ ကြည့်လိုက်တာနဲ့ လူတစ်ယောက်ရဲ့ စိတ်ကို နစ်မျော သွားစေမယ့် ပုံစံလေးတော့ စိတ်ကူးပုံဖော်ထားတာ ရှိတယ်။







မေး။ အနုပညာရှင်တစ်ယောက်အနေနဲ့ ရည်မှန်း ချက်ပန်းတိုင်ကရော ဘာဖြစ်မလဲ။







အခုချိန်မှာ အနုပညာနဲ့ အသက်ဆက်နေ ပါတယ်။ ကျွန်တော့်ဲ့ ရည်မှန်းချက်ပန်းတိုင်က အနုပညာနဲ့ပဲအဆုံးသတ်မယ်လို့ တွေးထား ပါတယ်။ ကျွန်တော်နေတဲ့ နေရာနဲ့ အနုပညာနဲ့က မိုးနဲ့မြေလိုကွာပါတယ်။ ဒါကို လာလုပ်ခွင့်ရတဲ့ အတွက် အရမ်းပျော်တယ်။ အနုပညာမလုပ်ဖြစ် ရင် အသက်မရှင်နိုင်ဘူးလို့ဆိုတဲ့အထိ ကျွန်တော်ရူး သွပ်ခဲ့တယ်။ ပရိသတ်လက်ခံလာအောင် ကျွန်တော်ကြိုး စားသွားမှာပါ။ အခုလတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာတွေ အဓိကရိုက်နေပါတယ်။ ပြီးတော့ အမ်တီဗွီရိုက် တယ်။ ဒီလတွေမှာ အများဆုံးရိုက်ဖြစ်နေပါတယ်။ မဂ္ဂဇင်းတွေလည်း ရိုက်တယ်။ ပုံမှန်လှုပ်ရှားနေပါတယ်။ မိုးရာသီဆိုတော့ ပွဲတွေ တော့ နည်းနည်းစိပ်လာပြီ။



ကိုယ်ပိုင်စိတ်ကူးလေးနဲ့ ပုံဖော်ထားတဲ့ အိမ်ခြံဝင်းလေးတွေလိုအပ်ပါတယ်။ ဘဝမှာ အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်တစ်ယောက်ဖြစ်အောင် ကြိုးစားနေတဲ့ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်နဲ့ မေးမြန်းဖြစ်ခဲ့ပါတယ် . . .







မေး။ အနုပညာရှင်တစ်ယောက်အနေနဲ့ ဘယ်လိုနေထိုင်မှု အိမ် ပုံစံမျိုးကို နှစ်သက်ပါသလဲ။







ကျွန်တော်က နယ်မှာနေခဲ့ဖူးလို့လားမသိဘူး။ တစ်ထပ်လုံးချင်း ဆောက်ထားတဲ့အိမ်မျိုးကြိုက်တယ်။ နှစ်ထပ်သုံးထပ်အဲ့လိုမျိုး မလိုဘူး။ တစ်လုံးထဲ အဲလိုမျိုးအိမ်ပုံစံ သေးသေးလေးနဲ့ ကာတွန်း ထဲမှာပါတဲ့ အိမ်ပုံစံမျိုးပေါ့။ ခြံလေးနဲ့ ရေကန်လေးရယ်၊ တံတား လေးရယ်၊ အဲလိုပုံစံကြိုက်တယ်။ အရင်က ကျွန်တော်နယ်မှာ နေတုန်းကလည်း ကျွန်တော့်အိမ်ပုံစံက ဒီလိုမျိုးပဲ လုပ်ထားတာ။ (ရယ်လျက်) အဲလိုရိုးရိုးရှင်းရှင်း ချစ်ဖို့ကောင်းတဲ့ အိမ်မျိုးကြိုက် တယ်။







မေး။ အခုလက်ရှိနေထိုင်နေတဲ့ အိမ်ပုံစံမျိုးကိုရော ကြိုက်နှစ်သက်ပါ သလား။ နယ်ကရော ဘယ်မှာနေခဲ့တာလဲ။







တနင်္သာရီတိုင်းက ကော့သောင်းမြို့ ခမောက်ကြီးမြို့နယ်နဲ့ လည်း နီးတယ်။ အဲဒီမှာ နေခဲ့တာ။ အခုလက်ရှိနေထိုင်တဲ့ အိမ်ပုံစံက စိတ်ကူးထဲက ပုံစံမဟုတ်ပေမယ့် ကျေနပ်ပါတယ်။ ရန်ကုန်ပြောင်းလာတာလည်း မကြာသေးဘူး။ နေရာသစ်ကို ပြောင်းတဲ့အစဖြစ်သလို ကျွန်တော့်ဘဝကိုလည်းအစ ကနေ စခဲ့တာ။ ဘာလို့လဲဆိုတော့ ရန်ကုန်ရောက်တဲ့အချိန်မှာ ဆုံးရှုံးမှု တွေရှိခဲ့တယ်။ စီးပွားရေးနဲ့ ပတ်သက်ပြီး အများကြီးဆုံးရှုံးခဲ့ တယ်။ ကြုံတွေ့ခဲ့ရတယ်။ မိသားစုအတွက်ရော သိန်းပေါင်းများစွာ ဆုံးရှုံးမှုဖြစ်ခဲ့တယ်။ အခုက တိုက်ခန်းနဲ့နေတာ နယ်ကအိမ်နဲ့ တော့ မတူဘူးပေါ့။ ကျရာနေရာမှာ ဒေါင်ကျကျပြားကျကျ နေတတ်တဲ့ကျွန်တော့်အတွက်ကတော့ သဘောကျပါတယ်။ စိတ်ကူးထားတဲ့ အိမ်မျိုးမဟုတ်ဘူးပေါ့။ ကြိုက်တာတော့ ကြိုက် နှစ်သက်ပါတယ်။







မေး ။ တကယ်လို့သာ ကိုယ်ပိုင်အိမ်နဲ့ ခြံလေးနဲ့နေဖြစ်ရင် ဘယ်လိုအိမ်ပုံစံမျိုးကို စိတ်ကူးထားပါသလဲ။







ခုနက ကျွန်တော်ပြောသလိုပဲ စိတ်ကူးထားတဲ့ပုံစံမျိုးက အရင်တုန်းက နယ်ကလို ဒီမှာက သီးပင်စားပင်တွေ စိုက်လို့ မရဘူးပေါ့။ ဒါပေမဲ့ ကျွန်တော့်ခြံဝင်းထဲမှာ ပန်းခင်းလေး လုပ် ထားမယ်။ ရေကူးကန်လေးပါတယ်။ တံတားလေး ထိုးပြီးတော့ ရေကူးကန်ဆိုတာထက် ငါးမွေးကန်ပေါ့ ကျွန်တော် တိရစ္ဆာန်လေး တွေ မွေးရတာ သဘောကျတယ်။ ငါးကန်လေးရယ် ရေတံခွန် လေးရယ် တံတားလေးလည်းပါမယ်။ ပြီးတော့ အိမ်ကလေးက မြေညီထပ်လေးပေါ့နော်။ ကာတွန်းဆန်ဆန်လေး။ ကြည့်လိုက်တာနဲ့ လူတစ်ယောက်ရဲ့ စိတ်ကို နစ်မျော သွားစေမယ့် ပုံစံလေးတော့ စိတ်ကူးပုံဖော်ထားတာ ရှိတယ်။







မေး ။အနုပညာရှင်တစ်ယောက်အနေနဲ့ ရည်မှန်း ချက်ပန်းတိုင်ကရော ဘာဖြစ်မလဲ။







အခုချိန်မှာ အနုပညာနဲ့ အသက်ဆက်နေ ပါတယ်။ ကျွန်တော့်ဲ့ ရည်မှန်းချက်ပန်းတိုင်က အနုပညာနဲ့ပဲအဆုံးသတ်မယ်လို့ တွေးထား ပါတယ်။ ကျွန်တော်နေတဲ့ နေရာနဲ့ အနုပညာနဲ့က မိုးနဲ့မြေလိုကွာပါတယ်။ ဒါကို လာလုပ်ခွင့်ရတဲ့ အတွက် အရမ်းပျော်တယ်။ အနုပညာမလုပ်ဖြစ် ရင် အသက်မရှင်နိုင်ဘူးလို့ဆိုတဲ့အထိ ကျွန်တော်ရူး သွပ်ခဲ့တယ်။ ပရိသတ်လက်ခံလာအောင် ကျွန်တော်ကြိုး စားသွားမှာပါ။ အခုလတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာတွေ အဓိကရိုက်နေပါတယ်။ ပြီးတော့ အမ်တီဗွီရိုက် တယ်။ ဒီလတွေမှာ အများဆုံးရိုက်ဖြစ်နေပါတယ်။ မဂ္ဂဇင်းတွေလည်း ရိုက်တယ်။ ပုံမှန်လှုပ်ရှားနေပါတယ်။ မိုးရာသီဆိုတော့ ပွဲတွေ တော့ နည်းနည်းစိပ်လာပြီ။











မျိုးလေး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အင်တာဗျူး၍ ဖော်ပြပေးပါသည်။

Credit: iMyanmarHouse.com
အိမ်ကအကြီးကြီး မဟုတ်ပေမယ့် ကာတွန်းထဲက အိမ်ပုံစံဆိုရင်တောင် ကိုယ်ပိုင်ဆိုရင် သဘောကျတဲ့ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန် - Celebrity Interview on Property from iMyanmarHouse.com
အိမ်ကအကြီးကြီး မဟုတ်ပေမယ့် ကာတွန်းထဲက အိမ်ပုံစံဆိုရင်တောင် ကိုယ်ပိုင်ဆိုရင် သဘောကျတဲ့ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန် - Celebrity Interview on Property from iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)