မိသားစုရိပ်မြုံလေး ဖွဲ့စည်းထားတဲ့အိမ်ဆိုတာ ဘ၀မှာ အရေးကြီးဆုံးလို့ပြောတဲ့ ချစ်စနိုးအောင်အောင် - Celebrity Interview on Property from iMyanmarHouse.com
1794 ကြိမ် ကြည့်ရှု့ပြီး

မိသားစုရိပ်မြုံလေး ဖွဲ့စည်းထားတဲ့အိမ်ဆိုတာ ဘ၀မှာ အရေးကြီးဆုံးလို့ပြောတဲ့ ချစ်စနိုးအောင်အောင်

Posted by နန္ဒာယမင်း (iMyanmarHouse.com)

အနုပညာလောကထဲကိုကျောင်းပေါင်းစုံပြိုင်ပွဲတွေကတစ်ဆင့် ၀င်ရောက်ခဲ့ပြီး Miss Myanmar International အထိ ၀င်ရောက်ပြိုင်ခဲ့ပြီး သရုပ်ဆောင်လောကကို စတင်ဝင်ရောက်ခဲ့သူက မိသားစုဆိုတဲ့အရိပ်အမြုံလေး ဖွဲ့စည်းပေးထားတဲ့အိမ်ဆိုတာက မိမိဘ၀မှာအရေးပါဆုံးဖြစ်ပြီး မိမိကိုယ်ကိုယ်အားကိုး တတ်ပြီး သူများနောက်လိုက်လုပ်ရတာမျိုး သဘောမကျဘူးဆိုတဲ့ Miss Myanmar International Top Ten ၀င်ခဲ့သူ ချစ်စနိုးအောင်အောင်နဲ့တွေ့ဆုံမေးမြန်းခဲ့ပါတယ် . . .





ကျောင်းမှာ Miss ဆိုပြီး မယ်ပြိုင်ပွဲကနေစပြိုင်တယ်။ နောက်ပိုင်းကျတော့ရန်ကုန်တိုင်းကိုယ်စားပြုအနေနဲ့ပြိုင်တယ်။ နယ်တွေဆင်းပြီးတော့အဲဒီကနေတဖြည်းဖြည်းနဲ့ Miss Golden Land Myanmar ပထမနှစ်ပြိုင်ပွဲတွေ ၀င်ပြိုင်ခဲ့တာပါ။ တကယ်တမ်း အနုပညာလောကထဲကို ၀င်ခဲ့တာတော့ ၂၀၁၄ လောက်ကသေချာလုပ်ဖြစ်တာပါ။ Miss Myanmar International သွားပြိုင်တုန်းက Top Ten ၀င်ခဲ့တယ်။ မနှစ်တုန်းကတော့ဖိလစ်ပိုင်မှာသွား ပြိုင်ခဲ့တယ်။ နောက်ပြိုင်ပွဲအတွက်လေ့ကျင့်မှုတွေလုပ်နေတယ်။ မဂ်္ဂဇင်းတွေ၊ ကြော်ငြာတွေတော့ ရိုက်နေတယ်။ ရုပ်ရှင်ရိုက်ဖြစ်မှာပါ။ မောင်မျိုးမင်း (ရင်တွင်းဖြစ်)နဲ့ပါ။ သရုပ်ဆောင်သင်တန်းတွေလည်း တက်ဖြစ်ပါတယ်။ ဖက်ရှင်နဲ့ပတ်သက်ပြီးလည်း စိတ်ဝင်စားတယ်။ အခြားနိုင်ငံမှာဘာတွေခေတ်စားလဲကိုယ့်နိုင်ငံယဉ်ကျေးမှုနဲ့သိပ်မကွာရင် ၀တ်ဖြစ်ပါတယ်။ နောက် Free Style ၀တ်ရတာ ပိုသဘောကျပါတယ်။ မြန်မာဝတ်စုံဒီဇိုင်းတွေကိုလည်း ကြိုက်တယ်။ ဘာဖြစ်လို့လည်းဆိုတော့မယ်ပြိုင်ပွဲကနေတက်တဲ့အပေါ်မှာကိုယ့်ခန်္ဓာကိုယ်က ဒီဝတ်စုံကို ၀တ်လိုက်ပြီဆို ယုံကြည်မှုပိုရှိတယ်လို့ခံစားရလို့ပါ။





ညီမရဲ့နေထိုင်မှုပုံစံပြောရမယ်ဆိုရင်ဘယ်အရာမဆိုကိုယ့်ကိုယ်ကိုယ်ပဲအားကိုးတယ်။ ဦးဆောင်ပြီး လုပ်ရတာကိုကြိုက်တယ်အလုပ်မှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ်၊ ကိုယ့်ဟာ ကိုယ်ဦးဆောင်ပြီး လုပ်ရတာကြိုက်တယ်။ မိသားစုကနည်းတယ်၊ တစ်ဦးတည်းသောသမီးဖြစ်တော့ဘာကိစ်္စပဲရှိရှိမိသားစုတွေတိုင်ပင်ပြီး ဖြေရှင်းတာများတော့ကိုယ်ကိုယ်တိုင်လုပ်ရမှကျေနပ်တယ်။ သူများနောက်လိုက်လုပ်ရတာမျိုး သဘောမကျဘူး။


အိမ်ဆိုတာကတော့ညီမအတွက်အရမ်းအရေးပါတဲ့အရာလို့ပြောလို့ရပါတယ်။ မိသားစုသုံးယောက်ပဲရှိတဲ့အပေါ်မှာတိုင်ပင်မှုတွေ၊ ဆွေးနွေးမှုတွေ၊ နွေးထွေးမှုတွေနဲ့တည်ဆောက်ထားတဲ့အတွက်မရှိမဖြစ်ပါပဲ။ တစ်ခါတလေခရီးထွက်ရတာများပါတယ်။ မိဘလိုက်လို့မရတဲ့နိုင်ငံပြိုင်ပွဲတွေသွားရတာမျိုးကျတော့အိမ်ပြန်ရောက်လာပြီဆိုရင်လုံခြုံနွေးထွေးမှုခံစားရတဲ့အတွက်ကိုယ့်အိမ်ပဲကြိုက်တယ်။





စိတ်ကူးထဲကအိမ်လေးဆိုရင်မိသားစုနည်းတဲ့အပေါ်မှာအိမ်ကအရမ်းကျယ်ကြီးမဟုတ်ဘူး၊ ခြံဝန်းကျယ်ကျယ်လေးနဲ့ ခွေးထားစရာနေရာလေးနဲ့ကိုယ်ကြိုက်တဲ့သစ်ပင်ပန်းပင်တွေစိုက်မယ်။ ပန်းခြံထားမယ်။ ကိုယ့်အိမ်ကိုပုံပြင်ထဲကအိမ်လေး အတိုင်း ဖြစ်ချင်တယ်။





ဧည့်ခန်း





ညီမတို့ ဧည့်ခန်းတစ်ခန်းလုံးကိုကိုရီးယား Wallpaper တွေနဲ့အလှဆင်ထားပါတယ်။ ဆေးသုတ်တာကညစ်ပတ်သွား မှာစိုးလို့ပါ။ ဧည့်ခန်းတစ်ခုလုံး ကိုယ့်စိတ်ကြိုက်ပြင်ထားတော့ အရုပ်တွေနဲ့ ပြည့်နေပါတယ်။ ပြိုင်တုန်းကရတဲ့ဆုတွေ၊ စလွယ်တွေချိတ်ထားတယ်။ ပရိသတ်တွေပေးထားတဲ့ အရုပ်တွေ လက်ဆောင်တွေ၊ ကိုယ့်ခန်္ဓာကိုယ်လောက်ရှိတဲ့ အရုပ်တွေရှိတယ်။ ကျွန်းခုံတွေနဲ့အလှဆင်ထားပါတယ်။





ဘုရားခန်း





ဘုရားကျောင်းဆောင်သန့်ရှင်းရေးကိုတော့အမြဲလုပ်ဖြစ်ပါတယ်။ ဗုဒ်္ဓဘာသာတစ်ယောက်ဖြစ်တဲ့အတွက်မြတ်စွာဘုရားကိုအမြဲရှိခိုးပူဇော်တယ်။ မေမေနဲ့အတူလုပ်ဖြစ်ပါတယ်။ တစ်နေ့ကိုနှစ်ကြိမ် အမြဲဝတ်ပြုဖြစ်တယ်။ ပဋ္ဌာန်းဒေသနာတော်တွေလည်း ရွတ်ဖတ်ဖြစ်ပါတယ်။





အိပ်ခန်း





အိပ်ခန်းကတော့ကိုယ့်အကြိုက်ဆုံးနေရာလေးပေါ့။ အင်္ကျီခန်းတွေ၊ ဖိနပ်ခန်းတွေကတော့သပ်သပ်ရှိတယ်။ အဓိကအိပ်ခန်းထဲမှာက ဗီရိုနှစ်လုံးအကြီးကြီးရှိတယ်။ စာအုပ်တွေအပြည့်ပဲထည့်ထားတာစာအုပ်ဖတ်ရတာ ၀ါသနာပါလို့၊ ငယ်ငယ်ကလည်း စာဂျပိုးဆိုတော့စာကြည့်စားပွဲ၊ မှန်တင်ခုံရှိတယ်။ အခန်းထဲမှာစာဖတ်ရတာကိုပိုသဘောကျပါတယ်။


ရှေ့ဆက်မယ့်အနုပညာနဲ့ပတ်သက်ပြီးတော့က Body ပိုင်းကိုလေ့ကျင့်နေပါတယ်။ နောက်ပြိုင်ပွဲတွေအတွက် ဟိုမှာက ပိန်ရုံနဲ့ မရဘူး။ ရုပ်ရှင်ရိုက်ဖြစ်တော့မှာပါ။ ပရိသတ်ကြီးအားပေး ပါအုံးလို့။





နန္ဒာယမင်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အင်တာဗျူး၍ ဖော်ပြပေးပါသည်။
Credit: iMyanmarHouse.com
မိသားစုရိပ်မြုံလေး ဖွဲ့စည်းထားတဲ့အိမ်ဆိုတာ ဘ၀မှာ အရေးကြီးဆုံးလို့ပြောတဲ့ ချစ်စနိုးအောင်အောင် - Celebrity Interview on Property from iMyanmarHouse.com
မိသားစုရိပ်မြုံလေး ဖွဲ့စည်းထားတဲ့အိမ်ဆိုတာ ဘ၀မှာ အရေးကြီးဆုံးလို့ပြောတဲ့ ချစ်စနိုးအောင်အောင် - Celebrity Interview on Property from iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)